နေပြည်တော် ဇွန် ၂၅

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး Jeng Phang   နော်တောင်သည်   ဒုတိယဝန်ကြီး ဦးထိန်လင်း၊   တာဝန်ရှိသူများနှင့်အတူ    ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမျိုးသမီးထု ကျန်းမာ ကြံ့ခိုင်စေရေးနှင့် အမျိုးသမီးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဆောင်ရွက်လျက် ရှိသည့်  လုပ်ငန်းစဉ်များ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်  နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဂျူဒိုလေ့ကျင့်ရေးအားကစားခန်းမ၌ ကျင်းပသည့်  (၃၃)ကြိမ်မြောက်   အရှေ့တောင်အာရှအား ကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်   စခန်းဝင်လေ့ကျင့်လျက်ရှိသည့်  အားကစားသမားများအား လက်ရည်ဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ဂျူဒိုနှင့် ဂျူဂျစ်ဆုပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုကို   ကြည့်ရှုအားပေးသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဂျူဒို(အမျိုးသား/ အမျိုးသမီး) ခေတ္တပြိုင်ပွဲများနှင့် ဝိတ်တန်း အလိုက် တစ်ဦးချင်းအတိုက်ပြိုင်ပွဲများ၊ ဝိတ်တန်းအလိုက် ဂျူဂျစ်ဆုအတိုက်ကစားပြိုင်ပွဲများကို ယှဉ်ပြိုင် ကစားခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားကို  ဆက်လက်ကျင်းပပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲများတွင် ဆုရရှိကြသူများကို တစ်ဦးချင်းဆုတံဆိပ်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။                                       

သတင်းစဉ်