ရန်ကုန် ဇွန် ၂၆

 

ဂျပန်နိုင်ငံ တိုကျိုမြို့NIHON UNIVERSITY ၌ ဇွန် ၂၆ ရက်တွင်ကျင်းပမည့် 2025 JARECO ညီလာခံ တက်ရောက်ရန် JARECO ၏ ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးခင်မောင်သန်း ဦးဆောင်၍ အဖွဲ့ဝင်များဖြစ်သည့် ဒုတိယဥက္ကဋ္ဌ ဒေါ်မိုးမိုးထွန်း၊ ဦးတင့်ဆွေ၊ ဒေါ်သက်သက်ခိုင်နှင့် ဒေါ်မြတ်မိုမို (YRESA)ဥက္ကဋ္ဌ တို့သည် ဇွန် ၂၄ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ထွက်ခွာသွားသည်။

 

အဆိုပါအိမ်ခြံမြေကိုယ်စားလှယ်အဖွဲ့သည် ညီလာခံတက်ရောက်စဉ် ဇွန် ၂၆ ရက်က အမေရိကန်ပြည်ထောင်စု National Association of Realtors (NAR) အသင်း၏ President Mr Kevin Sears နှင့် (MRESA) အသင်း၏ President Mr. Khin Maung Thano Bilateral Partnership Agreement Sign ကို နှစ်ဖက်ဥက္ကဋ္ဌများက အောင်မြင်စွာ လက်မှတ်ထိုးခဲ့ကြသည်။

 

ထိုသို့နှစ်ဖက်ဥက္ကဋ္ဌများ အောင်မြင် စွာ စာချုပ်ချုပ်ဆိုလိုက်သည့်အတွက် American Global Association မှ MRESA အသင်းအား International စံချိန်စံညွှန်းမီကြောင်း အသိမှတ်ပြုလိုက်ခြင်းဖြစ်သည်။

 

ထို့အပြင် ဂျပန်နိုင်ငံမှ JARECO, Japan - American Real Estate Coalition Organization Long Island Board Of Realtors အသင်းတို့မှ BOD Mr Yoshi Takita B Professor MASAYUKI NAKAGAWA နိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ ဒေါ်မြတ်မိုမို (YRESA)ဥက္ကဋ္ဌနှင့် MoU လက်မှတ်ရေး ထိုးခြင်းကိုလည်း အောင်မြင်စွာဆောင် ရွက်နိုင်ခဲ့ကြောင်း သိရသည်။

အာကာလင်း