ဝါရှင်တန် ဇွန် ၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်၏ နျူကလီးယားအစီအစဉ်ကို ဆွေးနွေးရန်အတွက် လာမည့်သီတင်းပတ်တွင် အီရန်အရာရှိများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု ပြောကြားသည်။
ဇွန် ၂၂ ရက်တွင် အီရန်နိုင်ငံရှိ နျူကလီးယားအဆောက်အအုံသုံးခုကို အမေရိကန်က တိုက်ခိုက် ပြီးနောက် ယခုလို နှစ်နိုင်ငံကြား ဆွေးနွေးမည့်အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။
အီရန်နျူကလီးယား အဆောက်အအုံများအပေါ် အမေရိကန်၏ တိုက်ခိုက်မှုက အီရန်၏ နျူကလီးယားလက်နက် ဖွံ့ဖြိုးတိုးတက်မှုများကို နှစ်ပေါင်းများစွာကြာသည့်တိုင် နောက်ဆုတ်သွား စေခဲ့သည်ဟု အမေရိကန်သမ္မတ ထရမ့်ကတော့ အခိုင်အမာပြောသည်။
အီရန်ကို တိုက်ခိုက်ပြီးမကြာမီတွင် အမေရိကန်သမ္မတ ထရမ့်က အပစ်အခတ်ရပ်စဲရေးကြိုးပမ်းမှု များကို စတင်ခဲ့သည်။
အင်န်အိတ်ချ်ကေ