နေပြည်တော် ဇွန် ၂၈

 

ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) သို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Buryatia ပြည်နယ် ပြည်နယ်အကြီးအကဲ H.E. Mr. Alexey Sambuevich Tsydenov ၏ ဖိတ်ကြားချက်အရ ယနေ့နံနက်ပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Buryatia ပြည်နယ် Ulan-Ude မြို့သို့ ဆက်လက်ထွက်ခွာသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Mr. Yuri Shuleiko နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး(၁) Mr. Lukashevich Sergey Vladimirovich ၊ ဘယ်လာရုစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူနှင့် တာဝန် ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ညနေ ပိုင်းတွင် Buryatia ပြည်နယ် Ulan-Ude မြို့ Baikal အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ ပြည်နယ်အကြီးအကဲ H.E. Mr. Alexey Sambuevich Tsydenov နှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ရိုးရာဓလေ့ထုံးတမ်းစဉ်လာများနှင့်အညီ လှိုက်လှဲနွေးထွေးစွာ ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

mdn