ရောမ   ဇွန်   ၂၉

အီတလီနိုင်ငံ မီလန်မြို့လေကြောင်း ထိန်းသိမ်းရေးစင်တာတွင်  ဇွန် ၂၈ ရက်  ညနေပိုင်းက   သတင်း အချက်အလက်ပေးပို့မှုစနစ် ချွတ်ယွင်းမှုကြောင့် အီတလီနိုင်ငံ အနောက်မြောက်ပိုင်းရှိ မြို့အများ အပြားတွင်  လေကြောင်းခရီးစဉ် ၃၀၀   ကျော်ကို    ဆိုင်းငံ့ထားရကြောင်း    အေအင်န်အက်စ်အေ သတင်းဌာနက ဖော်ပြသည်။

အဆိုပါဖြစ်စဉ်သည်  ဒေသစံတော်ချိန်   ည  ၉  နာရီခန့်တွင် ဖြစ်‌ပေါ်ခဲ့ပြီး    မီလန်၊   ဘာဂါမို၊ ဂျီနိုအာနှင့်   တူရင်းမြို့များအပါ အဝင်    လေကြောင်းနယ်နိမိတ် သက်ရောက်နယ်မြေများအတွင်း ရှိ   လေဆိပ်များတွင်   လေယာဉ်ပျံသန်းမှုများ ယာယီရပ်ဆိုင်းခြင်း သို့မဟုတ်   လေယာဉ်ဆင်းသက် ခြင်း၊ ပျံတက်ခြင်းများကို ကန့်သတ်မှုများ လုပ်ဆောင်ခဲ့ရကြောင်းနှင့်  နည်းပညာရှင်များက လေကြောင်းထိန်းသိမ်းရေးစနစ်ကို ပြန်လည်ပြုပြင်ရန် လုပ်ဆောင်နေဆဲဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြသည်။

မီလန်ရှိ လေကြောင်းထိန်းချုပ် ရေးစင်တာသည် အီတလီလေကြောင်းလမ်းညွှန်ဝန်ဆောင်မှုအဖွဲ့       (အီးအင်န်အေဗွီ)က ဝန်ဆောင်မှုပေးနေသည့်  ဒေသဆိုင်ရာ ထိန်းချုပ်ရေးစင်တာ လေးခုအနက်    တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။ 

ဆင်ဟွာ