တိုကျို ဇွန် ၂၉
လွန်ခဲ့သည့် သီတင်းပတ်အတွင်း ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကာဂိုရှီးမားခရိုင် တိုကာရာကျွန်းစု တွင် ငလျင်အကြိမ်ရေ ၅၀၀ ကျော် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ဂျပန်တာဝန်ရှိသူများက အင်အား ပြင်းထန်သည့် ငလျင်များ အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လက်လှုပ်ခတ်နိုင်ကြောင်း ပြောသည်။
ဇွန် ၂၁ ရက်မှစကာ ကိုဒါကာ ရာဂျီးမား ကျွန်းအနီးတစ်ဝိုက်တွင် ငလျင်လှုပ်ခတ်မှုများ ပိုမိုများပြား လာကြောင်း၊ အဆိုပါဒေသတွင် ဇွန် ၂၈ ရက် ညနေ ၅ နာရီအထိ အဆင့် ၇ ဆင့်ရှိ ဂျပန်ငလျင် ပြင်းအားစကေးအရ ပြင်းထန်မှုအဆင့် ၁ နှင့် ယင်းအထက်ရှိသည့် ငလျင်ပေါင်း ၅၂၅ ကျော် လှုပ်ခတ် မှုဖြစ်ပွားခဲ့ကြောင်း၊ ၎င်းတို့အနက် ငလျင်လှုပ်ခတ်မှု ခြောက်ကြိမ်မှာ ပြင်းထန်မှုအဆင့် ၄ ရှိပြီး ၂၇ ကြိမ်မှာ ပြင်းထန်မှုအဆင့် ၃ ရှိကြောင်း သိရသည်။
လက်ရှိအချိန်အထိ ငလျင်လှုပ်ခတ်မှု အများဆုံးလှုပ်ခတ်ခဲ့မှု မှာ ဇွန် ၂၃ ရက်ကဖြစ်ပြီး ပြင်းထန် မှုအဆင့် ၁ နှင့် ယင်းအထက် ငလျင်လှုပ်ခတ်မှုပေါင်း ၁၈၃ သုံးကြိမ်ရှိသည်။ ယခင်က အဆိုပါ ဒေသတွင် ပြင်းထန်သည့်ငလျင်လှုပ်ခတ်မှုများရှိခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ၁၅ ရက်အတွင်း ပြင်းထန်မှုအဆင့် ၁ နှင့် ယင်းအထက် ငလျင်လှုပ်ခတ်မှုပေါင်း ၃၄၆ ကြိမ်ရှိခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ၂၆ ရက်အတွင်း ငလျင်လှုပ်ခတ်မှု ၃၀၈ ကြိမ်ရှိခဲ့ကြောင်း သိရ သည်။
အင်န်အိတ်ချ်ကေ