ရန်ကုန်  ဇွန်  ၂၉

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်က ကြီးမှူး၍ Junior Golf Myanmar (JGM)၏ အကြိမ် (၄၀) မြောက် မျိုးဆက်သစ်လူငယ်ဂေါက်သီး ရိုက်ပြိုင်ပွဲ တတိယနေ့နှင့် ဆုချီးမြှင့်ပွဲကို ဇွန် ၂၉ ရက်က  ရန်ကုန် ဂေါက်ကလပ်(တညင်းကုန်း) ၌ ကျင်းပသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့် ပွဲအခမ်းအနားကျင်းပရာ   ပြိုင်ပွဲ လက်ခံကျင်းပပေးသော  ရန်ကုန် ဂေါက်ကလပ်အား     အမှတ်တရ ဂုဏ်ပြုလက်ဆောင်ကို  မြန်မာနိုင်ငံ   ဂေါက်သီးအားကစားအဖွဲ့ ချုပ်  တွဲဖက်အထွေထွေအတွင်း ရေးမှူးနှင့် Junior Golf Myanmar (JGM)  ဥက္ကဋ္ဌ   ဦးမြင့်အောင်က ပေးအပ်ရာ ရန်ကုန်ဂေါက်ကလပ် အထွေထွေမန်နေဂျာ ဦးသိန်းဇော်ဝေက လက်ခံရယူသည်။

ယင်းနောက်   ဆုများချီးမြှင့်ရာ  Junior Golf Myanmar(JGM) အတွင်းရေးမှူး    ဦးကျော်မင်းမင်း လတ်က အသက်   ၁၂    နှစ် အောက် (အမျိုးသား) သက်တမ်းတွင်    အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်ခဲ့သော ရွှေဖုန်းအောင်၊ ၃၂၀ ချက်ဖြင့်  တတိယဆုရရှိသော ကောင်းခန့်ဇော်၊  ၂၈၄   ချက်ဖြင့် ဒုတိယဆုရရှိသော  အောင်စိုးထွန်း၊  ၂၇၃ ချက်ဖြင့် ပထမဆုရရှိသော ငွေဖုန်းသိင်္ခတို့ကိုလည်း ကောင်း၊   မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်  ဗဟိုအလုပ်အမှုဆောင်  ဒေါ်မြင့်မြင့်သန်းက အသက် ၁၈ နှစ်အောက် (အမျိုး သမီး)သက်တမ်းတွင် ၂၆၈ ချက်ဖြင့်  တတိယဆုရရှိသော   CHOI HUI၊  ၂၅၅ ချက်ဖြင့် ဒုတိယဆုရရှိသော   နန်းဆိုင်အွမ်ငင်း၊   ၂၄၈ ချက်ဖြင့် ပထမဆုရရှိသော ဆုနှင်း ဖြူတို့ကိုလည်းကောင်း၊      မြန်မာနိုင်ငံ  ဂေါက်သီးအားကစားအဖွဲ့ ချုပ်     ဗဟိုအလုပ်အမှုဆောင် ဦးအိုက်ပန်းက  အသက်  ၁၄  နှစ်အောက် (အမျိုးသား)သက်တမ်း တွင် ၂၄၁  ချက်ဖြင့် တတိယဆု ရရှိသော လင်းထက်ညီ၊ ၂၄၀ ချက် ဖြင့် ဒုတိယဆုရရှိသော နိုင်ဦးကို၊ ၂၃၁   ချက်ဖြင့်      ပထမဆုရရှိ သော  ကျော်သံလွင်ဟိန်းတို့ကိုလည်းကောင်း   ဆုများပေးအပ် ချီးမြှင့်သည်။

ဆက်လက်၍     မြန်မာနိုင်ငံ ဂေါက်သီးအားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ   ဦးကိုကိုအေးက  အသက် ၁၈     နှစ်အောက်  (အမျိုးသား) သက်တမ်းတွင်    ၂၅၆   ချက်ဖြင့် တတိယဆုရရှိသော ကောင်းထက်၊ ၂၅၄ ချက်ဖြင့် ဒုတိယဆုရရှိသော Locadio K ၊ ၂၃၈ ချက်ဖြင့် ပထမဆုရရှိသော မင်းခန့်သော်တို့ကို ဆုများပေးအပ်ချီးမြှင့်သည်။

အကြိမ်(၄၀)မြောက်   Junior Golf Myanmar Championship ဂေါက်သီးရိုက်ပြိုင်ပွဲကို  ဇွန် ၂၇ ရက်မှ ၂၉ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည်။

အလင်းအိမ်

ဓာတ်ပုံ-MGF