ခါတွန်  ဇွန်   ၃၀

ဆူဒန်နိုင်ငံ  အရှေ့မြောက်ပိုင်း၌ ရွှေတွင်းပြိုကျမှုဖြစ်ပွားသဖြင့် ၁၁ ဦးထက်မနည်း    သေဆုံးပြီး ခုနစ်ဦး    ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် သတ္တုအရင်းအမြစ်ကုမ္ပဏီ က ဇွန် ၂၉ ရက်တွင်  ပြောကြား သည်။

အက်ဘာရာနှင့်   ဟာယာမြို့တို့အကြား ဟွေအိဒ်ဒေသရှိ ကာရက်ရှ် အယ်-ဖီ သတ္တုတွင်း  ပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း    ကုမ္ပဏီက   ထုတ်ပြန်ချက်တွင်    ပြောကြားသည်။        

၎င်းသတ္တုတွင်းမှာ ဘေးအန္တရာယ်လုံခြုံရေးအတွက်  ယခင်က ပိတ်သိမ်းရန်  အမိန့်ပေးခဲ့ကြောင်း      ယင်းကုမ္ပဏီက ဆက်လက်ပြောကြားသည်။

သတ္တုတွင်းလုပ်သား ၁ ဒသမ ၅ သန်းခန့်သည်   ဆူဒန်နိုင်ငံ၏ ရွှေ ၈၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ် ပြီး  ၂၀၂၄ ခုနှစ်က   ရွှေတန်ချိန် စုစုပေါင်း ၆၄ တန်ခန့်  ထုတ်လုပ်နိုင်ခဲ့ကြောင်း   တရားဝင်အချက် အလက်များအရ သိရသည်။

ဆင်ဟွာ