တိုကျို   ဇွန်   ၃၀

ဂျပန်နိုင်ငံ၌  ဇူလိုင်လအတွင်း အစားအစာပစ္စည်းအမျိုးပေါင်း ၂၁၀၅ မျိုးခန့်  ဈေးတက်ဖွယ် ရှိကြောင်း သိရသည်။ လုပ်အား၊   ထောက်ပံ့ရေးနှင့်   သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းစီမံ ခန့်ခွဲမှုနှင့် ကုန်ကျစရိတ်များနှင့်အတူ ကုန်ကြမ်းကုန်ကျစရိတ်  တစ်ဟုန်ထိုး မြင့်တက်လာမှုတို့ ကြောင့်   ယင်းသို့  ဈေးတက်ဖွယ်ရှိကြောင်း ပုဂ္ဂလိကသုတေသနကုမ္ပဏီ တဲအိကိုခုဒေတာဘန့်၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၅    ခုနှစ်အတွင်း    စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်နိုင်ပြီး    ဇူလိုင်လအစောပိုင်းအထိ အမျိုးပေါင်း ၂၀၀၀ ကျော်နိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။   

ချောကလက်၊    ခေါက်ဆွဲခြောက်အချဉ်ရည်ဘူး များအပါအဝင် မုန့်အမျိုးအစားများလည်း  ဈေးနှုန်း မြင့်တက်ဖွယ်ရှိကြောင်း သိရသည်။ ဈေးနှုန်းမြင့်တက်ရခြင်း၏အကြောင်းရင်းမှာ    ကုန်ကြမ်းစရိတ် မြင့်မားခြင်းနှင့် လုပ်သားစရိတ်မြင့်မားခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။   

အင်န်အိတ်ချ်ကေ၊ ဆင်ဟွာ