ဇူလိုင် ၁
ကမ္ဘောဒီးယားနိုင်ငံသို့ ၂၀၂၅ ခုနှစ် ပထမငါးလအတွင်း တရုတ်ခရီးသွားဝင်ရောက်မှုအရေအတွက် ၅၀ ရာခိုင်နှုန်း စံချိန်တင်မြင့်တက်ခဲ့ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ ယနေ့နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုနှစ်ဇန်နဝါရီမှ မေလအတွင်း တရုတ်ခရီးသွား ၄၈၈၉၇၃ ဦး လာရောက်လည်ပတ်ခဲ့ရာ လွန်ခဲ့သောနှစ် အလားတူလအတွင်း ခရီးသွား ၃၂၆၀၀၃ ဦးလာရောက်မှုနှင့်နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်း ပိုမိုဝင်ရောက်ခဲ့သည်ဟုသိရသည်။
ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်ခရီးသွားဝင်ရောက်မှု အရေအတွက်သည် နိုင်ငံတကာခရီးသွားဝင်ရောက်မှု စုစုပေါင်း ၂ ဒသမ ၉၅ သန်း၏ ၁၆ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်းနှင့် တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့ပြီးလျှင် ခရီးသွားဝင်ရောက်မှု တတိယမြောက်အများဆုံးနိုင်ငံဖြစ်ကြောင်း ထပ်လောင်းဖော်ပြထားသည်။
ပစိဖိတ်အာရှခရီးသွားအသင်းဥက္ကဌက တရုတ်ခရီးသွားများသည် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် အရေးပါသည်ဟု ဆိုသည်။
ခရီးသွားလုပ်ငန်းသည် အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းများ တင်ပို့ခြင်း၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေတို့အပြင် ကမ္ဘောဒီးယားနိုင်ငံ၏စီးပွားရေးကို အထောက်အကူပေးသည့် မဏ္ဍိုင်ကြီးလေးရပ်အနက် တစ်ခုဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို