တိုကျို   ဇူလိုင်  ၁

ဂျပန်နိုင်ငံတစ်ဝန်းရှိ  ပျမ်းမျှအပူချိန်သည် ပုံမှန်ထက် ၂ ဒီဂရီ စင်တီဂရိတ်ကျော်  ပိုပူခဲ့သည့်အတွက်  ဇွန်လသည် စံချိန်တင် အပူဆုံးလအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း ဂျပန်မိုးလေဝသတာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လတွင် ပျမ်းမျှအပူချိန်မှာ ပုံမှန်ထက် ၂ ဒသမ ၃၄ ဒီဂရီစင်တီဂရိတ် ပိုများခဲ့ကြောင်း၊ ယင်းမှာ ၁၈၉၈ ခုနှစ်  မှတ်တမ်းစတင်ကောက်ယူသည့်    အချိန်မှစကာ    အပူဆုံးလဖြစ်ကြောင်း မိုးလေဝသအေဂျင်စီက  ဇူလိုင် ၁ ရက်တွင် ပြောသည်။

ထို့အပြင် ယခုနှစ်ဇွန်လ၏ အပူချိန်သည် လွန်ခဲ့သည့် ငါးနှစ်က  မှတ်တမ်းတင်ထားသော ဇွန်လ၏  အပူချိန်ထက်  ၁   ဒီဂရီစင်တီဂရိတ်ခန့်  ပိုမိုပူပြင်းခဲ့ကြောင်း၊  လေဖိအားမြင့်ရပ်ဝန်းကြောင့်  ဂျပန် နိုင်ငံတစ်ဝန်း  အပူချိန်မြင့်တက်မှုကို     ဖြစ်ပေါ်စေကြောင်း သိရသည်။

ဇွန်လအတွက် ပျမ်းမျှအပူချိန်မှာ ဟော့ကိုင်းဒိုးခရိုင် အိုမူမြို့တွင် ပုံမှန်ထက် ၄ ဒသမ ၈ ဒီဂရီစင်တီ ဂရိတ် ပိုပူခဲ့ပြီး ဆန်ဒိုင်းမြို့တွင် ပုံမှန်ထက် ၃ ဒသမ ၆ ဒီဂရီစင်တီဂရိတ်   ပိုပူခဲ့သည်။   ယခုလတွင် ပြင်းထန်သောအပူချိန် ဆက်လက်တည်ရှိနိုင်ဖွယ်ရှိကြောင်း အေဂျင်စီတာဝန်ရှိသူများက ပြောသည်။                          

အင်န်အိတ်ချ်ကေ