နယူးဒေလီ  ဇူလိုင်  ၁

အိန္ဒိယနိုင်ငံတောင်ပိုင်း တယ်လန်ဂါနာပြည်နယ်ရှိ ဓာတုစက်ရုံတစ်ရုံတွင် ဇွန် ၃၀ ရက်က ကြီးမား သည့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းနှင့် အဆိုပါပေါက်ကွဲမှုကြောင့် လူပေါင်း ၃၆ ဦးထက်မနည်း   သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လူပေါင်း ၁၄၀ ခန့် အလုပ်လုပ်ကိုင်လျက်ရှိ

ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ဆေးဝါးကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သော အဆိုပါစက်ရုံ၌ လူပေါင်း ၁၄၀ ခန့် အလုပ်လုပ်ကိုင်လျက်ရှိသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ပေါက်ကွဲမှုဖြစ်ပွားရခြင်း၏   အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရသေးချေ။   ယင်းဖြစ်ရပ်နှင့်    ပတ်သက်ပြီး ရဲတပ်ဖွဲ့နှင့် မီးသတ်အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ 

ဘေးကင်းရေးစီမံခန့်ခွဲမှုများနှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာဖြစ်လာ

၂၀၂၂ ခုနှစ် ဇွန်လက အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဓာတုစက်ရုံတစ်ရုံ တွင်လည်း ပေါက်ကွဲမှုဖြစ်ပွားပြီး ရှစ်ဦးထက်မနည်း သေဆုံးမှုဖြစ်ပွားခဲ့သည်။ ဓာတုစက်ရုံ မကြာခဏပေါက်ကွဲမှုများကြောင့် ထုတ်လုပ်ရေးလုပ်ငန်းနေရာများတွင်    ဘေးကင်းရေးစီမံခန့်ခွဲမှုများ     စနစ်တကျ လုပ်ဆောင်ထား ခြင်း ရှိ မရှိနှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာဖြစ်လာ ကြောင်း လေ့လာသူများက ပြောသည်။                  

အင်န်အိတ်ချ်ကေ