ဇူလိုင် ၂

 

ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်း ဆော့ပိုလိုပြည်နယ်တွင် ယမန်နေ့က လေ့ကျင့်ပျံသန်းမှုလုပ်ဆောင်နေသော လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်ပေါ်ပါသူနှစ်ဦးစလုံး သေဆုံးခဲ့သည်ဟု မီးသတ်ဦးစီးဌာနကဖော်ပြထားသည်။

 

အဆိုပါလေယာဉ်ငယ်သည် ဒေသတွင်းလေဆိပ်မှပျံတက်ပြီးမကြာမီ ဆောဂျိုဒိုရီယိုပရီတိုမြို့ရှိ လူနေထိုင်ခြင်းမရှိသော နေရာပေါ်သို့  ပျက်ကျသွားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

 

ဒေသန္တရရဲတပ်ဖွဲ့နှင့် ဘရာဇီးလေကြောင်းမတော်တဆမ စုံစမ်းစစ်ဆေးရေးနှင့် ကာကွယ်ရေးစင်တာက ထိုလေယာဉ်ပျက်ကျမှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို