ဂါဇာ ဇူလိုင် ၂
အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသ၌ ရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲရေး အဆုံးသတ်ရန် သတ်မှတ်ချက်များကို သဘောတူခဲ့သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၁ ရက် တွင် ပြောသည်။ ဟားမားစ်အဖွဲ့အနေဖြင့် အဆိုပါ သဘောတူညီချက်ကို လက်ခံရန် ထရမ့်က တိုက်တွန်းခဲ့သည်။
သို့သော်လည်း ဟားမားစ်အဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုများ အပြီးတိုင်ရပ်တန့်ရန် တောင်းဆိုလျက် ရှိပြီး ယာယီအပစ် အခတ်ရပ်စဲရေး အဆိုပြုချက်နှင့်ပတ်သက်ပြီး သဘောတူလက်ခံမည်လား ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။ အမေရိကန်နှင့် အစ္စရေးတို့မှ တာဝန်ရှိသူများ သည် ရေရှည်အကျိုးဖြစ်ထွန်းမှုများ စေမည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဇူလိုင် ၁ ရက်တွင် လူမှုကွန်ရက်မီဒီယာတွင် ထရမ့်က ပြောသည်။ အစ္စရေးသည် ရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲရေး အဆုံးသတ်ရန် သတ်မှတ်ချက်များကို သဘောတူထားသည်ဟု ထရမ့်က ပြောသည်။
ဟားမားစ်အဖွဲ့က အရှေ့အလယ်ပိုင်း ဒေသကောင်းကျိုးအတွက် သဘောတူညီချက်ကို လက်ခံ မည်ဟု မျှော်လင့်ကြောင်းလည်း ထရမ့်က ဆက်ပြောသည်။ အစ္စရေးက သဘောတူထားသည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သတ်မှတ်ချက်များကို ထရမ့်က အသေးစိတ်ထုတ်ဖော်ပြောကြား ခဲ့ခြင်းမရှိချေ။ လာမည့်သီတင်းပတ်အတွင်း သဘောတူညီမှုရရှိလိမ့်မည်ဟု ယူဆကြောင်း ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် ထရမ့်က ပြောသည်။ အမေရိကန်သမ္မတ ထရမ့်သည် လာမည့် ဇူလိုင် ၇ ရက် တွင် အိမ်ဖြူတော်၌ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် တွေ့ဆုံဆွေးနွေးရန်ရှိသည် ဟု သိရသည်။
အင်န်အိတ်ချ်ကေ