ဇူလိုင် ၃
အိန္ဒိယနိုင်ငံတောင်ပိုင်း တီလန်ဂါနာပြည်နယ်တွင် ဓာတုစက်ရုံပေါက်ကွဲမှုကြောင့် ယနေ့တွင် သေဆုံးသူ ၄၀ အထိရှိလာကြောင်း ဖော်ပြထားသည်။
အဆိုပါပေါက်ကွဲမှုသည် ယင်းပြည်နယ် ဆန်ဂါရတ်ဒီခရိုင် Pashamylaram စက်မှုဇုံတွင် ဇူလိုင် ၁ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Sigachi စက်ရုံက ထိုပေါက်ကွဲမှုတွင် သေဆုံးသွားသူများ၏မိသားစုဝင်များအတွက် နစ်နာကြေး ရူပီ ၁၀ သန်းစီ ပေးအပ်ခဲ့သည်ဟု သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူ ၃၃ ဦးရှိပြီး ဒဏ်ရာရရှိသူအများအပြားသည် စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်ကြောင်း ဖော်ပြထားသည်။
ပေါက်ကွဲမှုဖြစ်ပွားချိန်က စက်ရုံတွင် အလုပ်သမား ၁၄၃ ဦး ရှိပြီး ၎င်းတို့အနက် အချို့သောသူများသည် ထိခိုက်ဒဏ်ရာရရှိမှုမရှိပဲ လွတ်မြောက်သွားသည်။ ထိုပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့ဦးဆောင်သည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေစဉ် ယင်းစက်ရုံအား ရက်ပေါင်း ၉၀ ကြာ ပိတ်ထားမည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို