ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးက ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများ လျော့နည်း လာမှုကို ကြိုဆိုသော်လည်း မြောက်ကိုရီးယားနိုင်ငံက ဥပဒေအရ လျောက်ထားမှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ် လပ်မှုများ ကန့်သတ်မှုအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။

 

မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းရေးသားသူ တိုမတ်အိုဂျေကွင်တားနားသည် ယမန် နေ့ကပြုလုပ်သည့် ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီသို့ပေးပို့သည့် ဗွီဒီယိုမတ်ဆေ့တစ်ခုအတွင်း ၄င်း၏ အစီရင်ခံစာကို တင်သွင်းခဲ့သည်။

 

ယုံကြည်မှု ဆက်လက်တည်ဆောက်ရေး၏ အရေးပါမှုနှင့် ကိုရီးယားကျွန်းဆွယ်၌ အမြဲတမ်းငြိမ်းချမ်းရေးသော အစိုးရတစ်ရပ် ဖွဲ့စည်းရေး၏ အန္တိမရည်မှန်းချက်ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

 

mdn

 

မြောက်ကိုရီးယားနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကိုလည်း ကွင်တားနားက ထည့်သွင်းစဉ်းစားခဲ့သည်။ မြောက်ကိုရီးယားပြည်သူ ထက်ဝက်ခန့်မှာ စားနပ်ရိက္ခာပြတ်လပ်မှုကြုံတွေ့နေရပြီး နိုင်ငံတကာမှ စောင့်ကြည့် လေ့လာသူများ ဝင်ရောက်ခွင့်ပြုရန်နှင့် ၄င်းတို့ကို တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့်ပြုရန် မြောက်ကိုရီးယားနိုင်ငံသို့ ၄င်းက တိုက်တွန်းလျက်ရှိသည်။

 

ဂျပန်နိုင်ငံကလည်း ပြန်ပေးဆွဲခံရသော ဂျပန်နိုင်ငံသားများကိစ္စ အရေးတကြီးဖြေရှင်းရန် အလေးထားလုပ် ဆောင်ခဲ့သည်။ ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များအတွင်း ဂျပန်နိုင်ငံသား ၁၇ ဦးထက်မနည်း ပြန်ပေးဆွဲခံခဲ့ရကြောင်း ဂျပန်အစိုးရက ပြောကြားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်