၁၂ မတ်

 

ဘိုးရင်းလေယာဉ်ကုမ္ပဏီကို  ဈေးကွက်ကို မပို့မီ ရပ်ထားတဲ့ လေယာဉ်တွေကို စစ်ဆေးဖို့နဲ့ တိုးတက်မှုတွေ အလျင်အမြန်လုပ်ဆောင်ဖို့ အမေရိကန်စစ်ဆေးရေးမှူးတွေက တနင်္လာနေ့က ညွှန်ကြားလိုက်ပါတယ်။ 

 

mdn

 

ပြီးခဲ့တဲ့ တနင်္ဂနွေက နိုင်ရိုဘိုကို ပျံသန်းမယ့် ဘိုးရင်း 737 MAX 8 ပျက်ကျပြီး လေယာဉ်ပေါ်လိုက်ပါသူအားလုံး ၁၅၇ ဦးလုံး သေဆုံးပြီးနောက်မှာ ကမ္ဘာတဝန်းမှာရှိတဲ့ လေကြောင်းလိုင်းအများစုက  MAX 8 လေယာဉ်တွေ ပျံသန်းဖို့ မလုပ်ရန် တားမြစ်ကြပါတယ်။ 

 

အမေရိကန်ပြည်ထောင်စု လေယာဉ်အုပ်ချုပ်ရေးဌာန က အီသီယိုးပီးယား အာဏာပိုင်တွေနဲ့ အမျိုးသားသယ်ယူပို့ဆောင်မှု လုံခြုံရေးအဖွဲ့တို့ ပူးတွဲပြီး အလုပ်အတူလုပ်နေတယ်။ လေယာဉ်ရဲ့ စိုးရိမ်ရတဲ့ အချက်အလက် ရှာဖွေတွေ့တွေ့ခြင်း ပြန်လည်ဝေမျှပါမယ်။ ဘိုးရင်းကိုလည်း လေယာဉ်မှာ ပါရှိတဲ့ စက်ရပ်မသွားအောင် လုပ်တဲ့ ဆော့ဝဲနဲ့ အရွေ့အပြောင်းစနစ်ကို ပြန်လည်စစ်ဆေးပြီး တိုးတက်အောင် လုပ်ဆောင်ဖို့ အဲဒီအကြောင်းအရာနဲ့ပတ်သတ်တဲ့ နောက်ဆုံး အချက်အလက်ကို ဧပြီလကုန်မှာ တင်သွင်းပေးရန် ညွှန်ကြား ထားပါတယ်။ 

 

mdn

 

ပျက်ကျသွားတဲ့ အီသီယိုးပီးယား လေကြောင်းလိုင်းရဲ့ လေယာဉ် မှတ်တမ်းတင်ထားပစ္စည်း black box လည်း ပြန်လည်ရရှိပြီဖြစ်ပါတယ်။ လေယာဉ်ဟာ မြေပြင်ကနေတက်ပြီး ခြောက်မိနစ်အကြာမှာ လေယာဉ်မှူးက လေယာဉ်ထိန်းသိမ်းရတာ ခက်ခဲကြောင်း သတိပေးခဲ့ပါတယ်။ 

 

mdn

 

အဲဒီလေယာဉ်ပေါ်မှာ  ကုလသမဂ္ဂ ဝန်ထမ်း အနည်းဆုံး ၂၂ ဦး ပါဝင်တာကို တွေ့ရပြီး ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်းတွေဟာ နိုင်ငံပေါင်း ၃၅ နိုင်ငံက နိုင်ငံသားတွေဖြစ်ကြောင်း သိရပါတယ်။ ကင်ညာနိုင်ငံသား ၃၂ ဦး၊ ကနေဒါနိုင်ငံသား ၁၈ ဦး၊ အီတလီ ၈ ဦး၊ အမေရိကန် ၈ ဦး၊ အီဂျစ် ၆ဦး၊ ဂျာမနီ ၆ ဦး၊ ပြင်သစ် ၉ ဦး၊ ဗြိတိန် ၉ ဦး ၊ တရုတ် ၈ ဦး တို့ပါဝင်ကြောင်း အတည်ပြုထားပါတယ်။ 

 

mdn

 

ဘိုးရင်း 737 MAX 8 လေယာဉ်တွေကို ဘရာဇီး၊ တရုတ်၊ အီသီယိုးပီးယား၊ အင်ဒိုနီးရှား၊ တောင်အာဖရိက၊ မက္ကဆီကို၊  စင်ကာပူ နဲ့ တခြားနိုင်ငံတွေမှာ အသုံးမပြုကြပဲ ရပ်နားထားဖို့ ညွှန်ကြားထားတာကို တွေ့ရပါတယ်။ အာဂျင်တီးနားနိုင်ငံမှာတော့ လေယာဉ်မှူးတွေက အဲဒီအမျိုးအစားလေယာဉ်တွေကို မောင်းဖို့ ငြင်းဆန်ကြတာကို တွေ့ရပါတယ်။ 

 

ဒါပေမယ့် MAX 8 လေယာဉ်တွေကို အိုမန်လေကြောင်းလိုင်း၊ ဖလိုင်းဒူဘိုင်း၊ တားကစ်ရှ် လေကြောင်းလိုင်းနဲ့ ရုရှား S7လေကြောင်းလိုင်းတွေကတော့ ဆက်လက်သုံးစွဲနေကြကြောင်း သိရပါတယ်။ 

 

မနေ့က ဘိုးရင်းကုမ္ပဏီရဲ့ ရှယ်ယာဈေး ဟာ ၁၂ ရာခိုင်နှုန်းအထိ ကျသွားပြီး ဈေးပိတ်ခါနီးမှာတော့ ၆ ရာခိုင်နှုန်း ပြန်လည်တက်လာကို တွေ့ရပါတယ်။ 

 

MAX 8 လေယာဉ်ဟာ ဈေးကွက်က ကြိုက်တဲ့ လေယာဉ်ဖြစ်ပြီး ဝယ်ယူသူ ၁၀ဝ ကနေ အစီးရေ ၅၀ဝ၀ ကျော် ဝယ်ယူသုံးစွဲကြောင်း သိရပါတယ်။

 

အီသီယိုးပီးယားအစိုးရပိုင် အာဖရိကမှာ အကြီးဆုံးလေကြောင်းလိုင်း ဖြစ်တဲ့ အီသီယိုးပီးယား လေကြောင်းလိုင်း က MAX 8 လေယာဉ် အစီး ၃၀ မှာယူခဲ့ပြီး တရုတ်လေကြောင်းလိုင်းက အစီးရေ ၁၈၀ မှာယူရာ ၇၆ စီး ရရှိပြီး ဖြစ်ကြောင်း သိရပါတယ်။ 

 

MDN
ကိုးကား - AFP