နေပြည်တော် ဇူလိုင် ၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) စီမံကိန်း အစီအစဉ်ဖြင့် နေပြည်တော် ဧရိယာအတွင်းရှိ နွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနည်းပညာနှင့် ဗဟုသုတ မျှဝေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်က နေပြည်တော် လယ်ဝေးမြို့နယ် မန်ကျည်းကုန်း ကျေးရွာ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ခွဲစိတ်ကုနှင့် မျိုးပွားပညာဌာနမှ ဌာနမှူးပါမောက္ခ ဒေါက်တာစိုးဝင်းနိုင်က မဲခေါင်-လန်ချန်းစီမံကိန်းဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ အကြောင်းနှင့် တွဲဖက် ပါမောက္ခ ဒေါက်တာသက်စုမြတ်၊ တွဲဖက်ပါမောက္ခ ဒေါက်တာအေးစိုး၊ တွဲဖက်ပါမောက္ခ ဒေါက်တာ စိုးဝင်းကျော်၊ တွဲဖက်ပါမောက္ခ ဒေါက်တာ ဟေမာကျော်တို့က နွားများ၏ မျိုးပွားအင်္ဂါဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်း၊ မျိုးအောင်နှုန်းကောင်းစေရန် ခေတ်မီ နည်းပညာများ အသုံးပြုခြင်း၊ မျိုးပွားခြင်း၊ ကူးစက်ရောဂါများနှင့် ဖြေရှင်းခြင်းဆိုင်ရာ နည်းလမ်း များကို ရှင်းလင်း ဟောပြောရာ နွားမွေးမြူတောင်သူများက ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်