ဇူလိုင် ၆ ရက် နံနက် ၂ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်မှ ရီးရဲမက် ဒရစ်နှင့်ဒေါ့မွန်အသင်းပွဲစဉ်တွင် ရီးရဲမက်ဒရစ်အသင်းက အကြိတ်အနယ်ကစားပြီး သုံးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည့်အတွက် ဆီမီးဖိုင်နယ်သို့ ထိုက်ထိုက်တန်တန်တက်လှမ်းနိုင်ခဲ့သည်။

နှစ်သင်းစလုံး နိုင်ပွဲရရေး  ခြေကုန်ထုတ်လာသည့်အတွက် နှစ်ဖက်သွင်းဂိုးပေါင်း ငါးဂိုးရှိသည်အထိ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သည်။ ရီးရဲ မက်ဒရစ်အသင်းသည်   မိနစ်   ၂၀  အတွင်း ဂွန်ဇာလို   ဂါစီယာနှင့်   ဖရန်ဂါစီယာတို့၏ သွင်းဂိုးများဖြင့် ဒေါ့မွန်အသင်းကို   ပြိုင်ပွဲတစ်လျှောက် နှစ်ဂိုးပြတ် ဦးဆောင် ကစားနိုင်ခဲ့သည်။

သို့သော်လည်း ပွဲချိန်ပြည့်ခါနီးလေ ပြိုင်ဆိုင်မှုပြင်းထန်လာလေဖြစ်ခဲ့ပြီး မိနစ် ၉၀ ပြည့်ပြီး  ထပ်ဆောင်းအချိန်ပို  မိနစ်များတွင် အပြန်အလှန်သွင်းဂိုးများ သွင်းယူနိုင်ခဲ့သည်။ ပွဲကစားချိန်  ၉၆  မိနစ်တွင်   ရီးရဲမက်ဒရစ် အသင်းကစားသမား  ဟူဂျီဆင်း   တိုက်ရိုက် အနီကတ်ပြ   ထုတ်ပယ်ခံခဲ့ရ သည်။  ဒေါ့မွန်အသင်းသည် ရီးရဲမက်ဒရစ်အသင်းကို အကောင်းဆုံးတုံ့ပြန်   ကစားနိုင်ခဲ့သော်လည်း နိုင်ပွဲရသည်အထိ  စွမ်းဆောင်နိုင်ခြင်း မရှိသည့်အတွက် ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ် တက်လှမ်း ခွင့် လွဲချော်ခဲ့သည်။

ရီးရဲမက်ဒရစ်အသင်းသည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် နာမည်ကြီး ပီအက်စ်ဂျီ အသင်းနှင့် လာမည့်ဇူလိုင် ၁၀ ရက်တွင်   ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ပီအက်စ်ဂျီအသင်း သည်   ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ    ကွာတားဖိုင်နယ်တွင်  အသင်းကြီး ဘိုင်ယန်မြူးနစ်အသင်းကို   အကြိတ်အနယ်ကစားကာ   နှစ်ဂိုးပြတ်အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်းလာခြင်းဖြစ်သည်။ အဆိုပါပွဲစဉ်တွင် ပီအက်စ်ဂျီအသင်းမှ ဝီလီယံပါချိုနှင့် လူးကပ်ဟာနန်ဒက်စ်တို့ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။                 

အောင်ဇော်