ဝင်ဘယ်ဒန်အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ တတိယအဆင့်တွင် ကမ္ဘာ့အဆင့်(၁) အီတလီတင်းနစ် အကျော်အမော် ဂျန်းနစ်ခ်ဆင်းနားသည် ပြိုင်ဘက်စပိန်တင်းနစ် ကစားသမား ပက်ဒရိုမာတီနက်ဇ် ကို ၆-၁၊ ၆-၃၊ ၆-၁ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ၁၆ ဦး အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။  

၎င်းသည် ဝင်ဘယ်ဒန်ပြိုင်ပွဲ ပထမအဆင့်တွင် အီတလီတင်းနစ်ကစားသမား နာဒီကို ၆-၄၊ ၆-၃၊ ၆-၀ ရလဒ်ဖြင့်လည်းကောင်း၊ ဒုတိယအဆင့်တွင် ဩစတြေးလျ တင်းနစ်ကစားသမား အလက်ဇန္ဒြား ဗူကစ်ကို ၆-၁၊ ၆-၁၊ ၆-၃ ရလဒ်ဖြင့်လည်းကောင်း အနိုင်ယူကျော်ဖြတ်ထားသည်။

၎င်းသည် ဝင်ဘယ်ဒန်အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ၁၆ ဦးအဆင့်တွင် ဘူလ်ဂေးရီးယားတင်းနစ် အကျော်အမော်   ဒီမစ်ထရော့ဗ်နှင့်  ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဒီမစ်ထရော့ဗ်သည် ဝင်ဘယ်ဒန် အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ တတိယအဆင့်တွင် ဩစတြီးယားတင်းနစ်ကစားသမား ဆီဗက်စတီယန် အော့ဖ်နာနှင့် တွေ့ဆုံခဲ့ပြီး ၆-၃၊ ၆-၄၊ ၇-၆ (၇-၀) ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ၁၆ ဦး အဆင့်သို့ တက်လှမ်းလာသူဖြစ်သည်။

မိုးဇက် - စုစည်းရေးသားသည်