အဘူဂျာ ဇူလိုင် ၇
နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ကန်နိုပြည်နယ်၌ ဇူလိုင် ၆ ရက်က ထရပ်ကားတစ်စီးနှင့် ဘတ်စ်ကား တစ်စီး ခေါင်းချင်းဆိုင်တိုက်မိသဖြင့် ၂၁ ဦးထက်မနည်း သေဆုံးပြီး သုံးဦးဒဏ်ရာရရှိကြောင်း သိရသည်။
ခါဆူဝါဒိုဂို ဒေသအတွင်း ဇာရီယာ-ကန်နို အဝေးပြေးလမ်းမတစ်လျှောက်တွင် ဘတ်စ်ကား မောင်းသူ၏ လမ်းစည်းကမ်းချိုးဖောက်ခြင်းကြောင့် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်မတော်တဆမှုကြောင့် ယာဉ်နှစ်စီးလုံး မီးလောင်သွားခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအား အစိုးရဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြည်နယ်လမ်းဘေးကင်းရေးအဖွဲ့မှ တာဝန်ရှိသူ မိုဟာမက်ဘတ်ရှာက ပြောကြားသည်။
နိုင်ဂျီးရီးယားနိုင်ငံ၌ ဝန်ပိုတင်ဆောင်ခြင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ဆင်ဟွာ