ဇူလိုင် ၇ ရက် နံနက် ၅ နာရီခွဲက အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်၌ ယှဉ်ပြိုင် ကစားခဲ့သည့် ကွန်ကာကပ်ဖ်ရွှေဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် မက္ကဆီကိုအသင်းက အမေရိကန်အသင်းကို အကြိတ်အနယ်ကစားကာ နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရပြီး (၁၀) ကြိမ်မြောက် စံချိန်တင်ဆွတ်ခူးအောင်ပွဲခံနိုင်ခဲ့သည်။ ခံစစ်ကစားသမားရစ်ချတ်စ်၏ သွင်းဂိုးကြောင့် ပွဲကစားချိန် ၄ မိနစ်တွင် အမေရိကန်အသင်း ဦးဆောင်ဂိုးစတင်ရရှိခဲ့သည်။
ဦးဆောင်ဂိုးခွင့်ပြုပေးလိုက်ရပြီးနောက် ချေပဂိုးရရှိရေး ကြိုးပမ်းလာသော မက္ကဆီကိုအသင်းသည် ပွဲကစားချိန် ၂၇ မိနစ်တွင် ချေပဂိုးရရှိခဲ့ပြီး အသင်းအဓိကတိုက်စစ်ကစားသမား ဂျီမီနက်ဇ်က သွင်းယူပေးခဲ့သည်။ မက္ကဆီကိုအသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုးကို ပွဲကစားချိန် ၇၇ မိနစ်တွင် အယ်ဗာရက်ဇ်က သွင်းယူပေးခဲ့သည်။ ဝက်စ်ဟမ်းအသင်း ခံစစ်ကစားသမား အယ်ဗာရက်ဇ်သည် မက္ကဆီကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး အသင်းအတွက် အရေးပါ သည့် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။
အောင်ဇော်