သျှင်ဝင်းသျှင်

ရန်ကုန်မြို့တော်ကြီး ဖွံ့ ဖြိုးတိုးတက်သာယာလှပ သန့်ရှင်းနိုင်စေရေးအတွက် လက်ရှိအစိုးရသို့ မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အများပြည်သူဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ပေးရမည့် စည်ပင်ရွေးကောက်ပွဲကြီးကို မတ် ၃၁ ရက်တွင် ကျင်းပတော့မည်ဖြစ်သည်။ စည်ပင်သာယာမြို့နယ် ၃၃ မြို့နယ်တွင် တစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်သည်။

ဝင်ရောက်ယှဉ်ပြိုင်ကြမည့်သူများ၏ အမည်စာရင်းများလည်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ပါတီမှ ကိုယ်စားလှယ်များ၊ တစ်ဦးချင်း တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ်လောင်းများ အားပြိုင် ကြတော့မည်ဖြစ်သည်။

ထင်သာမြင်သာ ကြေညာထားထို့အပြင် မဲပေးခွင့်ရှိသူများ၏ အမည်စာရင်းများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင် အသီးသီး ရုံးထိုင်ရာနေရာများတွင် ထင်သာမြင်သာ ကြေညာထားပြီကို တွေ့လာရသည်။ရွေးချယ်ရာတွင် ကော်မတီဝင်အဆင့်၊ မြို့နယ် ဥက္ကဋ္ဌအဆင့်၊ မြို့နယ်အဖွဲ့ဝင် (၁) (၂) အဆင့် လေးဆင့်ရှိမည်ဖြစ်ရာ ကိုယ်စားလှယ်ပေါင်း ၂၇၂ ဦးက အမည်စာရင်း ပေးသွင်းထားပြီးဖြစ်ကြောင်း သိရသည်။ ထိုအထဲမှ ကော်မတီဝင်ခြောက်ဦး၊ မြို့နယ်အဆင့် ၉၉ ဦးကို ရွေးချယ်မဲထည့်ကြရမည် ဖြစ်သည်။ စုစုပေါင်း ၁၀၅ ဦး ဖြစ်သည်။ ရွေးချယ်ခံ ကော်မတီဝင်ခြောက်ဦးထဲက တစ်ဦးကို ဒုတိယ မြို့တော်ဝန်အဖြစ် မူလရှိပြီးသား ကော်မတီဝင် ငါးဦးအပါအဝင် နောက်ရွေးချယ်ခံခြောက်ဦး စုစုပေါင်း ၁၁ ဦးတို့က မဲပေးရွေးချယ်ကြမည် ဖြစ်သည်။

အရည်အချင်းရှိသူ ပါလာပါကမဲဆန္ဒနယ်(၃)မှ ကော်မတီဝင်အဖြစ် ဝင်ရောက်ရွေးချယ်ခံမည့် ဇောတိက ဦးခင်လှိုင်၏ ဆိုစကားအရမူ ဒုတိယမြို့တော်ဝန်အဖြစ် ဖြစ်နိုင်ခြေမှာ မူလရှိပြီးသား ဥက္ကဋ္ဌအပါအဝင် ကော်မတီဝင် ငါးဦး၏ သဘောကျသူသာ ဖြစ်နိုင်ကြောင်း၊ ရွေးချယ်ခံခြောက်ဦးက ကိုယ့်မဲကိုယ်ပေး ပြီး မူလရှိပြီးသား ကော်မတီဝင်ငါးဦးက ၎င်းတို့ နှစ်သက်ရာ တစ်ဦးဦးကို တွဲခေါ် လို၍ ဝိုင်းမဲပေးပါက ထိုသူသာလျှင် ဒုတိယမြို့တော်ဝန် ဖြစ်လာနိုင် ကြောင်း လေ့လာမိခဲ့ရသည်။ သို့သော် ရွေးချယ်ခံထဲမှ အရည်အချင်းရှိသူ နှစ်ဦးမျှလောက်ပါလာပါက မြို့တော်ကြီးအတွက် အလွန်ကောင်းကြောင်း သိရသည်။

စည်းရုံးရေးကာလသို့ ရောက်ပြီဖြစ်၍ ကိုယ်စားလှယ်လောင်းများက သူ့နယ်မြေနှင့်သူ စည်းရုံးရေး ဆင်းနေကြပြီဖြစ်သည်။ ကြော်ငြာဆိုင်းဘုတ်များ ထောင်နေကြပြီကို တွေ့လာရသည်။ ထိုအထဲတွင် ဥပဒေပညာရှင်များ၊ အင်ဂျင်နီယာများ၊ မြို့ပြစီမံခန့်ခွဲမှု အတတ်ပညာရှင်များ၊ ဆရာဝန်များ၊ အနုပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ကြသည်ကို လေ့လာတွေ့ရှိ ရသည်။ အချို့လည်း ပါတီ၏ပုံရိပ်များကို အားယူထားကြသည်ကို တွေ့ရသည်။ ပုံနှိပ်စာမျက်နှာများ၊ လူမှုကွန်ရက်စာမျက်နှာများပေါ်၌ ကတိကဝတ်များ ပေးနေကြပြီကို တွေ့ရသည်။

ကျွန်တော့်နောက်မှာ ပြည်သူရှိဖို့ပဲ အမြဲလိုတယ်မဲဆန္ဒနယ် (၃) မှ ကိုယ်စားလှယ်လောင်း တစ်ဦးကကျွန်တော့်ကြောင့် ပြည်သူပိုင်ပစ္စည်း ဆုံးရှုံးလျှင် ...၊ ပြည်သူပိုင် ငွေကြေးဆုံးရှုံးလျှင် ...၊ ရန်ကုန်စည်ပင်ဂုဏ် ညှိုးနွမ်းလျှင် စည်ပင်မှချက်ချင်းထွက်မည်။ ကျွန်တော့်နောက်မှာ ပါတီရှိဖို့၊ ခရိုနီရှိဖို့၊ ဒုမြို့တော်ဝန်ဖြစ်ဖို့ မလိုဘူး။ ကျွန်တော့် နောက်မှာ ပြည်သူရှိဖို့ပဲ အမြဲလိုတယ်။ စည်ပင်ကို ဒီနေ့ရောက် ဒီနေ့စမည်။ ဝါးတားတား အူတူတူ မှုန်ဝါးဝါး လက်တည့်စမ်းတဲ့အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး” ဟု ပုဂ္ဂလိက သတင်းစာတစ်စောင်တွင် ရဲရဲဝံ့ဝံ့ဆိုထားသည်။

မဲဆန္ဒနယ်(၄)မှ ကိုယ်စားလှယ်လောင်း တစ်ဦးက “ကျွန်တော်ရွေးချယ်ခံရမယ်ဆိုရင် ပြည်သူတွေ လိုအပ်ချက်ဖြစ်တဲ့ လမ်းတံတား၊ ရေ၊ မီး၊ သန့်ရှင်းရေး၊ ကျန်းမာရေး၊ မြို့တော်ဖွံ့ဖြိုးတိုးတက်ရေး အခြေခံလူတန်းစား စီးပွားရေး အခွင့်အလမ်းတွေ ပိုမိုတိုးတက်အောင်၊ ကောင်းမွန်လာအောင် ပြည်သူ့ကိုယ်စားလှယ် စစ်စစ်အဖြစ် ကြိုးပမ်းဆောင်ရွက်သွားပါ့မယ် ဟု ကတိပြုထားသည်။

ပြည်သူလူထုဆန္ဒတွေကို ဖြည့်ဆည်းနိုင်မယ်မဲဆန္ဒနယ်(၅)မှ ကိုယ်စားလှယ်လောင်း တစ်ဦးက ဒီမြို့ပျက်ကြီးကို နှစ်နှစ်နဲ့ ပြင်နိုင်ပါ့မလားလို့ စိန်ခေါ်မှုတွေရှိတယ်။ တကယ်လုပ်ရင် တကယ်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်။ ပြည်သူလူထုဆန္ဒတွေကို ဖြည့်ဆည်းနိုင်မယ်လို့လည်း ကျွန်တော်ကတော့ လေးလေးနက်နက် ယုံကြည်တယ် ဟု ကြွေးကြော်ထားသည်ကို တွေ့ရသည်။

ကိုယ်စားလှယ်လောင်းများက မြို့တော်သူ မြို့တော်သားများ၏ အကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးရန် အားကောင်း မောင်းသန်ဆို၍ စည်းရုံးနေကြပြီဖြစ်သည်။

သို့သော် စည်ပင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်များတွင် ဖေဖော်ဝါရီ ၂၈ ရက်မှမတ် ၅ ရက်အထိ မဲစာရင်းများကို ကြော်ငြာကပ်ထားသော်လည်း လာရောက်ကြည့်ရှုသူများ အလွန်နည်းပါးလျက်ရှိနေသည်ကို တွေ့ရသည်။ စိတ်ဝင်စားမှု၊ အလွန်နည်းပါးလျက် ရှိနေသည်ကို ဆန်းစစ်မိသည်။

မတ် ၂၉ ရက်တွင် ကြိုတင်မဲပေးနိုင်ကြည့်မြင်တိုင်မြို့နယ် ဘောဂရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းက ရပ်ကွက်ထဲမှာ အမှန်တကယ်နေထိုင်ပြီး အသက် ၁၈ နှစ်ပြည့်ပြီး လို့ မဲပေးမယ်ဆိုရင် မှတ်ပုံတင်မရှိသေးလို့၊ ပြုလုပ်ဆဲမို့ဆိုလည်း မဲပေးလို့ရအောင် စိစစ်ပြီး ထောက်ခံ ချက်ပေးသွားမှာပါဟု ရှင်းပြပေးထားသည်။ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများ၊ ဆေးရုံတက်ရောက် ကုသနေသူများအတွက် အဆင်ပြေစွာ မဲပေးနိုင်ရန် မတ် ၂၉ ရက်တွင် ကြိုတင်မဲပေးနိုင်ကြောင်း သိရသည်။

ည်ပင်ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲဆန္ဒနယ်(၅)မှ ဝင်ရောက်ရွေးချယ်ခံမည့် ဦးထင်အောင်ကျော်ထက် (စာရေးဆရာ သဲမောင်) က ကိုယ့်လက်ထဲက မဲတစ်ပြားက အင်မတန် တန်ဖိုးရှိပါတယ်” ဟု ဆိုထားသည်။

ပြည်သူကခန့်ထားတဲ့ ဝန်ထမ်းတွေဖြစ်ယခင်တစ်ကြိမ်က ရွေးချယ်ခံ စည်ပင် ကော်မတီဝင်ဟောင်း တစ်ဦးလည်းဖြစ်ပြီး အများ၏ စိတ်ဝင်စားခြင်းခံနေရသူ ဇောတိက ဦးခင်လှိုင်က “ ရန်ကုန်စည်ပင်ကော်မတီဆိုတာ ၃၃ မြို့နယ်က ပြည်သူတွေအတွက် သီးခြားဖြစ်ပါတယ်။ အဲဒီမြို့နယ်က ပြည်သူတွေက စည်ပင်ကို အခွန်ပေးဆောင်ရတာပါ။ အဲဒီကရတဲ့ငွေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို ဖွဲ့စည်းတာပါ။ အဲဒီကော်မတီအပြင် ဝန်ထမ်းတွေ ကိုလည်း ဒီကရတဲ့အခွန်ထဲက ၃၀ ရာခိုင်နှုန်းပေးပြီး ပြည်သူကပဲခန့်ထားတဲ့ ဝန်ထမ်းတွေဖြစ်တယ်။ ကိုယ့်အခွန်ကိုယ်ထမ်း၊ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ ကိုယ့်ပိုက်ဆံကိုယ်ထည့်ထားတဲ့ အဖွဲ့အစည်းပါ။ လက်ရှိအဖွဲ့အစည်းမှာ ဝင်ရောက်တာဝန်ယူနေတဲ့ သူတွေက ရွေးကောက်ခံတွေ မဟုတ်ပါဘူး။ အစိုးရ က ခန့်ထားတဲ့အဖွဲ့က စီမံခန့်ခွဲတာ။ ဒီစီမံခန့်ခွဲတဲ့ ကိစ္စရပ်တွေကို ပြည်သူကတင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက သိဖို့လိုပါတယ်။

ပြည်သူ့အခက်အခဲကို တင်ပြနိုင်မှ ကျွန်တော် တို့ ကော်မတီက ပြည်သူ့အတွက် ပိုပြီးအလုပ်လုပ် ပေးနိုင်မှာ ဖြစ်ပါတယ်။ စည်ပင်ရဲ့ လုပ်ငန်းစဉ်တွေ ဖြစ်တဲ့ လူတစ်ယောက်မွေးသည်မှ သေဆုံးသည် အထိ ကိစ္စရပ်တွေမှာ ပြေပြေလည်လည် ချောချော မွေ့မွေ့လုပ်ပေးနိုင်မှာ ဖြစ်တဲ့အတွက် ပြည်သူ့ ကိုယ်စားလှယ်တွေရှိနေဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် စည်ပင်ရွေးကောက်ပွဲကို မဖြစ်မနေ သွားရောက်ပြီး အမှန်တကယ် အလုပ်လုပ်နိုင်မယ့် သူတွေကို ရွေးချယ်မဲထည့်ကြဖို့ အထူးပဲလိုအပ်ပါ တယ်” ဟု ရှင်းပြပေးထားသည်။

ည်ပင် ၃၃ မြို့နယ်တွင် မဲပေးနိုင်မည့် မဲဆန္ဒရှင်မှာ ၃ ဒသမ ၄ သန်းခန့်ရှိသည်ဟု သိရသည်။ မဲရုံပေါင်း ၂၄၀ဝ ရှိမည်ဖြစ်ပြီး မဲပုံး ၉၆၀ဝ ရှိမည်ဖြစ်သည်။ မဲပေးရမည့် မဲအမျိုးအစား လေးမျိုးဖြစ်သည်။ မြို့တော်စည်ပင်ကော်မတီဝင်အတွက် မဲလက်မှတ်မှာ အဖြူရောင်၊ ထည့်ရမည့် မဲပုံးမှာ အဖြူရောင်၊ မြို့နယ်စည်ပင်ဥက္ကဋ္ဌအတွက် မဲလက်မှတ်မှာ အပြာရောင်၊ ထည့်ရမည့် မဲပုံးမှာ အပြာရောင်၊ မြို့နယ်စည်ပင်အဖွဲ့ဝင် (၁)အတွက် မဲလက်မှတ်မှာ အဝါရောင်၊ ထည့်ရမည့် မဲပုံးမှာ အဝါရောင်၊ အဖွဲ့ဝင်(၂)အတွက် မဲလက်မှတ်မှာ ခရမ်းရောင်၊ ထည့်ရမည့်မဲပုံးမှာ ခရမ်းရောင်အဖြစ် သတ်မှတ်ထားရှိသည်ကိုလည်း သိထားဖို့ လိုအပ် ပေသည်။

သို့ဖြစ်ရာ မြို့တော်သူ မြို့တော်သားတို့၏ အကျိုးကို ပြည်သူအများက ရွေးချယ်တင်မြှောက် ပေးလိုက်သော ပြည်သူ့ကိုယ်စားလှယ်များကသာ ကိုယ့်ဝမ်းနာ ကိုယ်သာသိ” ဆိုသကဲ့သို့ ပိုမို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်သူများသာ ဖြစ်ကြပါလိမ့်မည်။ ထိုသူများကသာ “ဆိုးတိုင်ပင် ကောင်းတိုင်ပင်” များသာ ဖြစ်ကြပါလိမ့်မည်။ ထို့ကြောင့် စည်ပင်ရွေးကောက်ပွဲသို့ အရောက်လှမ်း မဲသွားထည့်သင့်ပေသည်။

ရွေးချယ်ရာတွင်လည်း မိမိဆန္ဒမိမိ သဘောပင် ဖြစ်ပါ သည်။ မိမိမြို့နယ်၊ မိမိမြို့တော်အတွက် ပြည်သူ့အသံကို နားထောင်မည့် သူ၊ ပြည်သူနှင့်အတူ တစ်သားတည်းဖြစ်မည့်သူ၊ မြို့တော်သူ မြို့တော်သားတို့၏ အကျိုးကို နေ့နေ့ ညည ဆောင် ရွက်ပေးမည့်သူ၊ မြို့တော်သူ မြို့တော် သားတို့ဘက်မှ မားမားမတ်မတ် ရပ်တည်ပေးမည့် သူတို့ဖြင့် သေချာစိစစ်ဖို့ အဓိက အရေးကြီးသည်ကို သတိချပ်သင့်ပေသည်။

နောက်ဆုံးအနေဖြင့် ဆိုရသော် ရန်ကုန် စည်ပင် ရွေးကောက်ပွဲ အလေးထား အရွေးမမှားဖို့ တော့ လိုပါသည်ဟု ....။

mdn