၁၃ မတ်
ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်များကို ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဂျူဗင်တပ်အသင်းနှင့် အက်သလက်တီကိုမက်ဒရစ်အသင်းတို့၏ ပွဲစဉ်တွင် အိမ်ရှင် ဂျူဗင်တပ်အသင်းက သုံးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
ဂျူဗင်တပ်အသင်းမှာ ပထမအကျော့တွင် အက်သလက်တီကိုမက်ဒရစ်အသင်းကို ရှုံးနိမ့်ထားခဲ့ပြီး ယခုပွဲ တွင် တိုက်စစ်မှူး စီရော်နယ်လ်ဒို၏ ပွဲချိန် ၂၇၊ ၄၈ နှင့် ၈၆ မိနစ်တွင် (ပင်နယ်တီ)တို့မှ သွင်းယူခဲ့သော ဟက်ထရစ် သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။

ပွဲပြီးဆုံးချိန်တွင် ဂျူဗင်တပ်အသင်းမှာ အက်သလက်တီကိုမက်ဒရစ်အသင်းတို့၏ သုံးဂိုး ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး နှစ်ဂိုးဖြင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။
ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် (ဒုတိယအကျော့)ပွဲစဉ်ရလဒ်
မန်စီးတီး ၇ - ဝ ရှော်လ်ကေး
(နှစ်ကျော့ပေါင်း ၁၀ -၂ ဂိုးဖြင့် မန်စီးတီးနိုင်)
ဂျူဗင်တပ် ၃ - ဝ အက်သလက်တီကို
(နှစ်ကျော့ပေါင်း ၃-၂ ဂိုးဖြင့် ဂျူဗင်တပ်နိုင်)
MDN
