မင်္ဂလာဒုံ ဩဂုတ် ၁

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် မြို့နယ်အတွင်းရှိ သတ်မှတ်စုရပ်နေရာများ၌ ယနေ့ နံနက်ပိုင်းတွင်  ဖြန့်ဝေရောင်းချပေးလျက်ရှိသည်။

 

ကြက်ဥတစ်လုံးလျှင် ၃၆၅ ကျပ်နှုန်းဖြင့် ကြက်ဥအလုံးရေ (၁၆၀၀၀) ကို ပြည်‌တော်သာရပ်ကွက်၊ ကြူစမ်းရပ်ကွက်၊ ပျဉ်းမပင်ရပ်ကွက်နှင့် ပြန်လည်နေရာချထားရေး ရပ်ကွက်တို့တွင် မြို့နယ် စည်ပင် သာယာရေးအဖွဲ့ တာဝန်ရှိသူများက ဖြန့်ဝေရောင်းချပေးလျက်ရှိရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးတို့က လိုအပ်သည်များ ဝိုင်းဝန်း ကူညီပေးကြကြောင်း သိရသည်။

 

မင်းသိန်းထွန်း