ဒမတ်စကတ် ဩဂုတ် ၁၄
ဆီးရီးယားနိုင်ငံ အစ်လစ်မြို့ရှိ ကျေးလက်ဒေသ၌ ဩဂုတ် ၁၄ ရက်တွင် ပြင်းထန်သည့် ပေါက်ကွဲ မှုဖြစ်ပွားရာ လေးဦးထက်မနည်း သေဆုံးပြီး ငါးဦးဒဏ်ရာရရှိကြောင်း ဆီးရီးယားနိုင်ငံပိုင် မီဒီယာနှင့် စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့က ပြောကြားသည်။
ပေါက်ကွဲမှုမှာ အစ်လစ်မြို့အနီးတွင် ဖြစ်ပွားခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များ၏ ကနဦး သေဆုံးသူစာရင်းကို ကိုးကားပြီး နိုင်ငံပိုင်ဆီးရီးယား အာရပ်သတင်းအေဂျင်စီက ပြောကြားသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေတိုးလာနိုင်ကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။
ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးများကို ရှင်းလင်းရန်နှင့် သေဆုံးသူများကို ရှာဖွေရန်အတွက် ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ဆင်ဟွာ


