ပေကျင်း ဩဂုတ် ၁၇
တရုတ်နိုင်ငံ မြောက်ပိုင်းအတွင်း မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ယမန်နေ့က ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ရှစ်ဦးသေဆုံးပြီး လေးဦး ပျောက်ဆုံးနေကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ယနေ့ သတင်းထုတ်ပြန်သည်။
ဩဂုတ် ၁၆ ရက် ည ၁၀ နာရီခန့်တွင် အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဘာယန်နာမြို့၌ ရေကြီးရေလျှံမှုစတင်ဖြစ်ပွားခဲ့ပြီး ၁၃ ဦး ပျောက်ဆုံးခဲ့သည်။
ယနေ့ နံနက် ၁၀ နာရီတွင် လူတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ရာ ရှစ်ဦးသေဆုံးပြီး လေးဦးပျောက်ဆုံးနေကြောင်း အတည်ပြုခဲ့သည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


