နေပြည်တော်  ၁၃  မတ် 

 

တပ်မတော်(ရေ)မှ မောင်တောမြို့နယ်၊ ဦးစောလှကျွန်း၏မြောက်ဘက်၊ နတ်မြစ်အတွင်း မတ် ၁၁ ရက် ည ၁၁ နာရီခွဲကျော်က လက်ခတ်လှေတစ်စီးနှင့်အတူ နော်ဘီအူလာနှင့် မိုဟာမက်ဂျူဘိုင်တို့ (၂)ဦး အားတွေ့ရှိ၍ ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၅,၆၁၀ ကို လည်းကောင်း၊ အလားတူ မတ် ၁၂ ရက် မွန်းလွဲ ၂ နာရီက တပ်မတော်မှ လောက်ကိုင်မြို့နယ်၊ ဟဲဟော်ကျေးရွာအနီး ဖျင်ပါးရွှေ- ဟဲဟော်-ဟွာတီရှမ်းကျေးရွာလမ်းတွင် တွမ်အဲ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀,၁၇၀ ကို လည်းကောင်း၊

 

ထို့အတူ ယင်းနေ့ မွန်းလွဲ ၁၂နာရီ ၄၅ မိနစ်တွင် မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ စွမ်စော်(၃)လမ်း၊ စိန်ကမ္ဘာတိုက်တန်း၊ အခန်းအမှတ်(G-8)နေ ညီထွန်း၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၇၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့်  ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ  သိရသည်။ 

 

MDN