နေပြည်တော် ၁၃ မတ်
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် ရရှိသတင်းပေးပို့ချက်အရ မတ် ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီး အရာရှိနှင့်သစ်တောဝန်ထမ်းအဖွဲ့သည် လှည်းကူး မြို့နယ်၊ အမှတ်(၃)လမ်း၊ မိုင်တိုင်အမှတ်(၁/၄)၊ စက်ယန္တရားများထားရှိသည့် ဝင်း အတွင်းနေရာ၌ ယာဉ်အမှတ် (8I/9279) SUPER CUSTOM (ခဲရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၂၉) ချောင်း ၊(၁ ဒသမ ၆၄၇၈)တန်၊ အလားတူ တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် သစ်တော ဝန်ထမ်းများ၊ နယ်မြေခံတပ်မှတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ တောင်ငူမြို့နယ်၊ လိပ်သိုလမ်းခွဲ၊ မိုင်တိုင်အမှတ်(၁၅/၁) အနီး နှင့် ပိန္နဲပင်ကျေးရွာ အနီးတို့တွင် ယာဉ်အမှတ်မပါNissan Diesel (၆)ဘီးယာဉ်(၂)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား စုစုပေါင်း (၈ ဒသမ ၈၂၃၀) တန်အား ဖမ်းဆီးရမိသည်။
မတ် ၁၂ ရက်တွင် ပေါက်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးနှင့် သစ်တော ဝန်ထမ်းများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်းရေးအဖွဲ့ဝင် များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကွင်းဆင်းစစ်ဆေးရာ ကျောက်ထု-ပေါက်-ပခုက္ကူ ကား လမ်းမိုင်တိုင်အမှတ် ၆၁/၇ နှင့် ၆၂/ဝကြား နေရာ၌ ရပ်တန့်ထားသော NISSAN DIESEL အပြာရောင် (၁၂)ဘီးယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင်ပိတောက်ခွဲသားများ ခန့်မှန်း (၁၀)တန်ခန့်တင် ဆောင်ထားသည်ကို စစ်ဆေးတွေ့ရှိရပြီး ြပစ်မှုကျူးလွန်သူများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
(မောင်လူမော်)