မန္တလေး ၁၄ မတ်လ 

 

မန္တလေးသင်္ကြန်ကာလအတွင်း ထိခိုက်မှုတစ်စုံ တစ်ရာ ဖြစ်လျှင် ချက်ချင်းကုသပေးနိုင်ရေးအတွက် ကြက်ခြေနီ စခန်း နှင့်လူနာတင်ကား၂၀ခန့်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းမန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီထံက သိရသည် ။

 

သင်္ကြန်ကာလအတွင်း ကျူံးဘက်လေးဘက်လေးတန်တွင် ကြက်ခြေနီစခန်းတစ်ခုစီ ချထားသွားမည်ဖြစ်ပြီး အရေးပေါ်လူနာတင်ကားများ စခန်းတစ်ခုလျှင် ကြက်ခြေနီတပ်ဖွဲ့ဝင် ၂၀ဦးစီချထားသွားမည်ဖြစ်သည်။

 

"သင်္ကြန်ကာလအတွင်းထိခိုက်မှုတွေ ဘာတွေဖြစ်ရင် အမြန်ဆုံး ကုသပေးနိုင်ဖို့ ကြက်ခြေနီစခန်း တွေချထားတာပါ။ ကြက်ခြေနီသုံးပစ္စည်းကိရိယာတွေလည်း အပြည့်အစုံချသွားပေးမှာပါ။ ဆေးဝါးတွေ ဘာတွေက အစပေါ့ နောက်ပြီးကြက်ခြေနီကားကော ပြင်ပကလူနာတင်ကားတွေကော အားလုံးပေါင်း၂၀ခန့် လောက် အသင့်ပြင်ထားမယ်"ဟု ယင်းကော်မတီမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

 

လူနာတင်ကားများနှင့်ကြက်ခြေနီစခန်းများအား ကျူံးအရှေ့ဘက်အမျိုးသားက ဇာတ်ရုံတွင်တစ်ခု၊ ကျူံးအနောက်ဘက် ၃၂လမ်းကွပ်ကဲရုံးတွင်တစ်ခု၊ ကျုံးတောင်ဘက် ကြက်ခြေနီရုံးတွင်တစ်ခု၊ အသီးသီး ချပေးသွားမည်ဖြစ်ပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်စုစုပေါင်း ၁၀ဝ ခန့် ကူညီစောင့်ရှောက်ပေးသွား မည်ဖြစ်သည်။

 

၂၀၁၈ မန္တလေးမဟာသင်္ကြန်ကာလအတွင်းတွင် တိခိုက်ဒဏ်ရာရရှိမှူ များခဲ့ပေမယ့် သေဆုံးသူတစ်ဦးမျှ မရှိခဲ့ပေ။ 

 

သူရိန်လင်း