ပြည် စက်တင်ဘာ ၁၀

၂၀၂၅ ခုနှစ် ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား U-25 အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက ပြည်မြို့ ခေတ္တရာရွှေပြည် ခရိုင်အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ  ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်က အမှာစကားပြောကြားကာ  ရွှေတောင်မြို့နယ်အသင်းနှင့်   ပြည်နည်းပညာတက္ကသိုလ်အသင်းတို့     ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

၂၀၂၅ ခုနှစ် ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား U-25 အမျိုးသမီး ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၈  ရက်မှ ၁၂ ရက်အထိ  ကျင်းပမည်ဖြစ်ကာ ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်၊ ပန်းတောင်းမြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်ကိုယ်စားပြုအသင်းများနှင့် ပြည်တက္ကသိုလ်၊ ပြည်ပညာရေးဒီဂရီကောလိပ်၊ ပြည်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ပြည်)    ကိုယ်စားပြုအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။                    

ခရိုင်(ပြန်/ဆက်)