နေပြည်တော် ၁၄ မတ်
ပဲခူးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၁၃ ရက်တွင် ရန်ကုန် - မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၃၉/၅) အနီးရှိ ဘောနတ်ကြီးကျေးရွာနှင့် အနီးတစ်ဝိုက်တွင် တရားမဝင် သစ်ရှာဖွေဖမ်းဆီးခြင်းဆောင်ရွက်ရာ တရားမဝင် ကျွန်းခွဲသား စုစုပေါင်း (၆၅၁)ချောင်း ၃၃ ဒသမ ၂၈၃၂ တန် နှင့် တရားခံ(၁)ဦးဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ဥပဒေနှင့် အညီထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာန မှ သိရသည်။
မောင်လူမော်
