ရန်ကုန်    စက်တင်ဘာ    ၁၆

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်လျက်ရှိသော မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲကို  ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ  ကျိုက္ကဆံမြားပစ်ကွင်း၌ ကျင်းပသည်။

ဦးစွာ လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ အစမ်းလေ့ကျင့်ပစ်ခတ်ခြင်းပြုလုပ်ပြီး ဗိုလ်လုပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်သည်။

ထို့နောက်    ဆုပေးပွဲအခမ်းအနားကို    ဆက်လက်ကျင်းပရာ Recurve တစ်ဦးချင်း ရှုံးထွက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများ၊ Compound တစ်ဦးချင်းရှုံးထွက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ Recurve Mixed Team ပြိုင်ပွဲတွင် ပထမ၊ ဒုတိယဆုရရှိသူများ၊ Compound Mixed Team ပြိုင်ပွဲတွင် ပထမဆုရရှိသူများအား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦးနှင့် ဒုတိယဥက္ကဋ္ဌ များ၊ တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 လင်းရာမ