ဝေါ စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်၌ ၂၀၂၅ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ဗိုလ်လုပွဲတွင် ကျိုက်လှတိုက်နယ် အမျိုးသမီးဘောလုံးအသင်းနှင့် ညောင်ခါးရှည်တိုက်နယ် အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကြသည်။
ထို့နောက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ ရှေ့တန်းကစားသမား အကောင်းဆုံးဆု၊ အလယ်တန်းကစားသမားအကောင်းဆုံးဆု၊ နောက်တန်းကစားသမားအကောင်းဆုံးဆု၊ ဂိုးသမားအကောင်းဆုံးဆုတို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုတံဆိပ်နှင့် ငွေသားဆုများကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


