အီရန်နှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ၂၀၁၈ ခုနှစ် မတ်လမှ စ၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အထိ ၁၀ လတာ ကာလ အတွင်း အမေရိကန်ဒေါ်လာ ၇၆၇ ဒသမ ၂၄ သန်းတန်ကြေးရှိသော ၁ ဒသမ ၈၅ တန်ရှိ ရေနံမဟုတ်သော ကုန်စည်များ ကုန်သွယ်ခဲ့ကြောင်း Eghtesad အွန်လိုင်းသတင်းဝဘ်ဆိုဒ်က ရေးသားဖော်ပြသည်။
ပြီးခဲ့သည့်နှစ်ကထက် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပမဏအားဖြင့် ၅ ဒသမ ၃ ရာခိုင်နှုန်း နှင့် တန်ဖိုးအားဖြင့် ၁၀ ဒသမ ၂၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံသို့ အီရန်နိုင်ငံ၏ ကုန်ပစ္စည်းတင်ပို့မှုမှာ တန်ချိန် ၁ ဒသမ ၇၂ သန်း တန်ကြေးအားဖြင့် အမေရိကန်ဒေါ်လာ ၆၄၃ ဒသမ ၅၂ သန်းရှိပြီး အလားတူကာလအတွင်း အင်ဒိုနီးရှားနိုင်ငံမှာ အီရန်နိုင်ငံ၏ နဝမမြောက် အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်သည်။
၁၀ လတာကာလအတွင်း အီရန်နိုင်ငံက အင်ဒိုနီးရှားနိုင်ငံသို့ အဓိကအားဖြင့် သံမဏိထုတ်ကုန်များ၊ ပရိုပိန်းများ တင်ပို့ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံက အီရန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၂၃ ဒသမ ၇၂ သန်းတန် ကုန်စည် ၁၃၄၀ဝ၀ တန် တင်ပို့ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံမှာ အီရန်နိုင်ငံသို့ ၂၆ နိုင်ငံမြောက် ကုန်ပစ္စည်းတင်ပို့သည့်နိုင်ငံဖြစ်သည်။
အီရန်နိုင်ငံ၏ အဓိကပို့ကုန်များတွင် အလူမီနီယမ်အောက်ဆိုဒ်နှင့် အုန်းသီးတို့ ပါဝင်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်