လပွတ္တာ စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်၌ (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၉ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိသည်။
ကြည့်ရှုအားပေး
ထိုသို့ဆောင်ရွက်ရာတွင် လပွတ္တာခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာနွယ်နွယ်အောင်က ခွေးပိုင်ရှင်များအား ခွေးရူးရောဂါနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေါက်တာ နွယ်နွယ်အောင်ဦးစီး၍ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက လပွတ္တာမြို့နယ်ဦးစီးမှူးရုံးနှင့် (၃)မိုင်မြို့တွင် ခွေးကောင်ရေ ၁၀၀ အား ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးပြီး ခွေးရူးရောဂါ ကာကွယ်တားဆီးရေးလက်ကမ်းစာစောင်များကို ဖြန့်ဝေလျက်ရှိရာ လပွတ္တာမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


