ရန်ကုန် စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် အင်းစိန်မြို့နယ် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်အိအိဖြူ၊ ဦးစီးအရာရှိ ဦးဇော်ဝင်းနှင့် ဦးစီးအရာရှိ ဦးကျော် လွင်ဦးတို့က သက်ဆိုင်ရာကဏ္ဍ အလိုက် ရှင်းလင်းဆွေးနွေးသည်။ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စားသောက်ဆိုင်လုပ်ငန်း၊ ရွှေဆိုင်လုပ်ငန်း၊ ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်း၊ ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းလုပ်ငန်းများမှ လုပ်ငန်းရှင် ၁၁၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)


