အိမ်မဲ အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ချောင်းဝရပ်ကွက် (၁)လမ်းရှိ အိမ်မဲမြို့တည်သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရား၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ညပိုင်းမှစတင်ပြီး ကုသိုလ်ကောင်းမှုပြုလုပ်ကြသူများနှင့် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ် မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဘုရားဖူးလာပြည်သူများက မြတ်စွာဘုရားအားရည်မှန်း၍ ရွှေသင်္ကန်းကပ်လှူခြင်း၊ ပန်း၊ ဆီမီး၊ ရေချမ်းနှင့် လှူဖွယ်ဝတ္ထုများကို စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းကြပြီး ဘုရား၌ကျင်းပသော ဆီမီး ၁၀၀၀ မီးထွန်းပူဇော်ပွဲတွင်လည်း အေးချမ်းပျော်ရွှင်စွာ သီတင်းကျွတ်ပွဲတော်ကို ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ်


