ခတ္တမန္ဒူ အောက်တိုဘာ ၇

နီပေါနှင့် အိန္ဒိယနိုင်ငံတို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပွားခဲ့ပြီး   လူဒါဇင်နှင့်ချီ၍  သေဆုံးခဲ့သည်။

အောက်တိုဘာ  ၄   ရက်ကတည်းက  ခတ္တမန္ဒူအပါအဝင် နီပေါနိုင်ငံ  ဒေသအများအပြား၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။

နီပေါနိုင်ငံ  သဘာဝဘေးအန္တရာယ်    အာဏာပိုင်အဖွဲ့က မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် လူ ၄၆ ဦး  ထက်မနည်း သေဆုံးခဲ့ပြီး ၂၀ ခန့်  ဒဏ်ရာရရှိခဲ့ကြောင်း၊ အမြောက်အမြား ပျောက်ဆုံးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ကယ်ဆယ်ရှာဖွေရေး လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်လျက်ရှိသည်။  သို့သော်လည်း လမ်းတံတားများနှင့် အိမ်များ ရေလွှမ်းမိုးနစ်မြုပ်လျက်ရှိသောကြောင့် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်ကြုံလျက်ရှိကြောင်း သိရသည်။

မြစ်ရေ  ဆက်လက်မြင့်တက်လာနိုင်သောကြောင့် ဒေသခံများကို   ဘေးလွတ်ရာသို့  ပြောင်းရွှေ့ထားရန်  နီပေါအစိုးရက တိုက်တွန်းထားသည်။

အိမ်နီးချင်းအိန္ဒိယနိုင်ငံတွင်လည်း မိုးသည်းထန်စွာရွာသွန်းခဲ့သည်။  မြေပြိုခြင်းနှင့်  တခြား သဘာဝဘေးအန္တရာယ်များကြောင့် အနောက်ဘင်္ဂလားပြည်နယ် ဒါဂျီလင်၌ လူ ၂၀ ခန့် သေဆုံးခဲ့ကြောင်း   ဒေသမီဒီယာတွင် ဖော်ပြသည်။

တောင်အာရှတွင်  မိုးရာသီသည်   ဇွန်လမှ စက်တင်ဘာလအထိ ဖြစ်သည်။ ဒေသတွင်းနိုင်ငံများတွင်   မကြာသေးမီနှစ်များအတွင်း  ရေကြီးခြင်းနှင့် တခြား သဘာဝဘေးအန္တရာယ်များကြောင့်  ဆိုးရွားသည့်  သဘာဝဘေးဒုက္ခများကို    နှစ်စဉ် ရင်ဆိုင်နေရသည်။

 အင်န်အိတ်ချ်ကေ