တိုကျို အောက်တိုဘာ ၇

တာကာအိချီဆာနဲပါတီဥက္ကဋ္ဌအဖြစ်   ရွေးကောက်တင်မြှောက်ပြီးနောက်   ဂျပန်နိုင်ငံ၏   အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (အယ်လ်ဒီပီ)သည် ၎င်း၏ခေါင်းဆောင်မှုအဖွဲ့သစ်ကို တရားဝင် စတင်လိုက်ပြီဖြစ်သည်။

တာကာအိချီဆာနဲကို လွန်ခဲ့သောသီတင်းပတ်က အယ်လ်ဒီပီ၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ သည်။ အောက်တိုဘာ ၇ ရက်တွင် ၎င်းက ပါတီ၏ အမှုဆောင်သစ်များကို ခန့်အပ်ခဲ့သည်။ ခန့်အပ်မှုများ ကို အထွေထွေကောင်စီအစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ပြည်သူများ၏  စိုးရိမ်ပူပန်မှုများကို ၎င်တို့၏မျှော်လင့်ချက်အိပ်မက်များအဖြစ် ပြောင်းလဲပေးချင် ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါစိတ်ဖြင့် ပိုကြိုးစားသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ