အောက်တိုဘာ ၈

ထိုင်းနိုင်ငံတွင် ရေကြီးရေလျှံမှုများကြောင့် လူ ၂၂ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။  ပြည်နယ် ၁၉ ခုတွင် ခန့်မှန်းခြေ လူပေါင်း ၃၇၀၀၀၀ ခန့် မြစ်ရေလျှံမှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကို ရင်ဆိုင်နေကြရဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မြို့တော်ဘန်ကောက်၏ မြောက်ဘက် ဉတ္တရာဒစ်၊ ဖရာနာခွန်စီအယွတ်တာယာနှင့်  ပြည်နယ်ခြောက်ခုတွင် ထိခိုက်မှုအဆိုးရွားဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

သက်ဆိုင်ရာအေဂျင်စီများက စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ ဝေငှခြင်း၊ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်းနှင့် ရေဘေးသင့်ဒေသများတွင် ရေမြောင်းများ ဖောက်လုပ်ခြင်း အပါအဝင် အကူအညီများ ပေးလျက်ရှိကြောင်း ထိုဌာနက၏ထုတ်ပြန်ချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို