အောက်တိုဘာ ၉
အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒက်ရှ် ပြည်နယ်ရှိ မီးရှူးမီးပန်း စက်ရုံတစ်ခုတွင် ယမန်နေ့က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အလုပ်သမား ခြောက်ဦးထက်မနည်း သေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါပေါက်ကွဲမှုသည် အန်ဒရာပရာဒက်ရှ်မြို့တော် အေမရာဗာတီ၏အရှေ့မြောက်ဘက် ၂၁၄ ကီလိုမီတာအကွာ ကိုနာစီမာခရိုင် ရာယာဗာရမ်ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မီးရှူးမီးပန်းများထုတ်လုပ်ရာတွင် အလုပ်သမားများလုပ်ကိုင်ဆောင်ရွက်နေချိန်၌ ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ပဏာမစုံစမ်းစစ်ဆေးမှုအရ ပေါက်ကွဲစေတတ်သောပစ္စည်းသိုလှောင်သည့်နေရာတွင် မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကြောင့်ဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


