ဂျေရုဆလင် အောက်တိုဘာ ၁၃
အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့ကြားဖြစ်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခသည် လက်ရှိအချိန်တွင် ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ထရမ့်က အစ္စရေးပါလီမန်၌ အောက်တိုဘာ ၁၃ ရက်တွင် မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြား သည်။
သမ္မတထရမ့်၏ ခရီးစဉ်သည် အစ္စရေးနှင့် ဟားမတ်စ်ကြား အကျဉ်းသားများ လဲလှယ်နေသည့် အချိန်တွင် သွားရောက်သည့် ခရီးစဉ်ဖြစ်ကြောင်းသိရသည်။ လက်ရှိအချိန်တွင် ဂါဇာဒေသတွင် ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းသွားခဲ့ကြောင်းနှင့် ယခုရရှိခဲ့သည့် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်သည် အစ္စရေးနှင့် ပါလက်စတိုင်းအတွက်သာမကဘဲ ဂါဇာဒေသခံများ အားလုံးအတွက်ဖြစ်ကြောင်း သမ္မတထရမ့်က အစ္စရေးပါလီမန်၌ မိန့်ခွန်းပြောကြားရာတွင် မှတ်ချက်ပြုပြောကြားသည်။ အမေရိကန်၏ အကူအညီပေးမှုကြောင့် အစ္စရေးသည် စစ်ရေးအင်အားကောင်းလာခဲ့ကြောင်း သမ္မတထရမ့်က ပြောကြားသည်။
သို့ရာတွင် ပါလီမန်အတွင်း ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုကြောင်း တက်ရောက်လာသူတစ်ဦးက ဆန္ဒဖော်ထုတ်ခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


