နေပြည်တော် ၁၆ မတ်
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ (၁၆) မိုင်စစ်ရေးစခန်း၌ ယမန်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်က ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ စစ်ဆေးရှာဖွေခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းတုံး ခွဲခြမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးဘက်မှ မူဆယ်ဘက်သို့ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်နေ သန်းဝင်းအောင် (ခ) ချစ်ကို (၂၅) နှစ်မောင်းနှင်လာသော EE/×××× ToYoTa Crown ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ တရားမဝင်သယ်ဆောင် လာသော ကျောက်စိမ်းတုံး/ ခွဲခြမ်း ဆိုဒ်စုံ (၄၀ဝ) ကီလိုဂရမ်အားတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် သန်းဝင်းအောင်အား အုန်းချောနယ်မြေရဲစခန်းမှ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)