ကျုံပျော် အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ထိုသို့ စစ်ဆေးရာတွင် ကျုံပျော်မြို့နယ် အထောင်နယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ် ဦးစီးမှူး ဦးရဲလွင်ဦး ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက အထောင်မြို့ အမှတ်(၄)ရပ်ကွက်ရှိ မြတ်မေတ္တာမွန် စက်သုံးဆီအရောင်းဆိုင်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ၊ မီးသတိပေးစာတမ်းများ၊ မီးသတ်ဆေးဘူး၊ မီးသတ်စက်နှင့် အရေးပေါ်မီးငြှိမ်းသတ်ရေးပစ္စည်းများ အသင့်အသုံးပြုနိုင်ခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့သည်။
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စက်သုံးဆီအရောင်းဆိုင်ဝန်ထမ်းများ ပူးပေါင်းကာ မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက အောက်ဆီဂျင်ဖြတ်မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ဆေးဘူးအသုံးပြု မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)


