ဘာလင်  အောက်တိုဘာ ၂၈

ဂျာမနီနိုင်ငံရှိ   အမျိုးသမီးထက်ဝက်ကျော်မှာ   အများပြည်သူနှင့်ဆိုင်သောနေရာများတွင် ဘေးကင်းလုံခြုံမှုမရှိဟု    ခံစားနေကြရကြောင်း   ဂျာမနီသတင်းအေဂျင်စီ   ဒီပီအေ၏  အောက်တိုဘာ    ၂၈    ရက်တွင်   ထုတ်ပြန်သော စစ်တမ်းတစ်ရပ်အရ    သိရသည်။

စီဗေစစ်တမ်း    ကောက်ယူရေးအဖွဲ့က အသက်  ၁၈   နှစ်နှင့်အထက် အရွယ်ရောက်သူ ၅၀၀၀ အား   စစ်တမ်းကောက်ယူခဲ့ရာ အမျိုးသမီး  ၅၅ ရာခိုင်နှုန်းက လမ်းမများ၊ အများပြည်သူဆိုင်ရာ ပို့ဆောင်ရေး၊ ပန်းခြံများ၊ ကလပ်များနှင့်   ဘူတာရုံများအပါအဝင် စစ်တမ်းကောက်ယူရာ၌ ပါဝင်သော အများပြည်သူဆိုင်ရာနေရာများတွင်  ဘေးကင်းလုံခြုံမှုမရှိကြောင်း   ခံစားကြရသည်ဟု ပြန်လည်တုံ့ပြန်ဖြေကြားခဲ့ကြောင်း သိရသည်။

နိုက်ကလပ်များနှင့်  ဘူတာရုံများမှာ ဘေးကင်းလုံခြုံမှုအနည်းဆုံးနေရာများအဖြစ် သတ်မှတ်ခံထားရပြီး အမျိုးသမီး ၁၄ရာခိုင်နှုန်းခန့်ကသာ အဆိုပါနေရာများတွင်    ဘေးကင်းလုံခြုံမှုရှိသည်ဟု တုံ့ပြန်ဖြေကြားခဲ့ကြောင်း    သိရသည်။

အဆိုပါ   တွေ့ရှိချက်များမှာ ဂျာမနီနိုင်ငံတစ်ဝန်း  ကျား မ အခြေပြု အကြမ်းဖက်မှုများ မြင့်တက်လာချိန်တွင် ထွက်ပေါ် လာခြင်းဖြစ်သည်။ ဖက်ဒရယ်ပြစ်မှုဆိုင်ရာ  ရဲတပ်ဖွဲ့ရုံး(ဘီကေအေ)၏  ထုတ်ပြန်ချက်အရ မကြာသေးမီနှစ်များအတွင်း အမျိုးသမီးများအပေါ်   ပစ်မှတ်ထားကျူးလွန်သည့်  ရာဇဝတ်မှုများ  ဆက်လက်မြင့်တက်လာကြောင်း သိရသည်။       

ဆင်ဟွာ