နေပြည်တော်  ၁၇   မတ် 

 


မံစီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၁၆ ရက်  မွန်းလွဲ ၁ နာရီတွင် မံစီမြို့နယ်၊ သံတံတားကျေးရွာအုပ်စု၊ မလင်ကျေးရွာနေ မချောစု ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၁၀  ကို သိမ်းဆီးရမိသည်။ 

 

အလားတူ ယင်းနေ့ညနေ ၅ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၇)တမူးမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တမူးမြို့၊  မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်၊ ဗိုလ်နိုင်ဝင်းလမ်း၊ ပဲတန်းပေါက်အနီးတွင် တွေ့ရှိသူ ဟန်မင်းလိန်(HEMMINLEN)(ခ)မီမင်း အားစစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၂ ဂရမ်ကိုလည်းကောင်း၊ 

 

ထို့အတူ ယင်းနေ့ နံနက် ၉ နာရီက တပ်မတော်သားများမှ သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ စယ်အူ-နမ့်ခိုက်ကားလမ်းမပေါ် တံတားအနီးတွင် ဇော်ဆန်း မောင်းနှင်ပြီး ဆိုင်စွမ်း လိုက်ပါလာသည့် လင်ခရူဇာ အမျိုးအစား ခဲ/အဖြူရောင် မော်တော်ယာဉ်ကိုရပ်တန့်ရှာဖွေရာ အက်စီတစ်အက်စစ် ၃၀ဝ လီတာ၊ အရိုးမီးသွေး ၂၂၀ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၄င်းတို့အားမူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း ရဲပြန်ကြားမှ သိရသည်။ 

 

MDN