ညောင်ဦး   နိုဝင်ဘာ  ၁၇

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲက ကြီးမှူးဖွင့်လှစ်သည့် မြန်မာ့ရိုးရာ သိုင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ညောင်ဦးမြို့ Aureum Palace Hotel & Resort  ၌ ယနေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

ဦးစွာ  ညောင်ဦးခရိုင်  စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက ပုဂံဒေသရှိ  ဟိုတယ်များမှ   လုံခြုံရေးဝန်ထမ်းများ   စွမ်းဆောင်ရည်မြှင့်တင်ရေး မြန်မာ့ရိုးရာသိုင်းသင်တန်း    ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားသည်။ 

ထို့နောက်  မြန်မာ့ရိုးရာသိုင်းသင်ကြားမည့် သင်တန်းဆရာတစ်ဦးက    မြန်မာ့ရိုးရာသိုင်းပညာ   မတိမ်ကောမပျောက်ပျက်စေရေးနှင့်   မြန်မာ့သိုင်းပညာကို မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ရေးနှင့် သင်ကြားသည့် သိုင်းပညာအဆင့်ဆင့်အား  အားကျိုးမာန်တက် သင်ကြား၍  လက်ဆင့်ကမ်းအမွေပေးနိုင်ရေးတို့အား ရှင်းလင်းပြောကြားသည်။

အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊   ပုဂံဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် သင်တန်းသား  သင်တန်းသူများ တက်ရောက်ကြကြောင်း    သိရသည်။

ဒီပါလင်း