၁၈  မတ်

အက်ဖ်အေဖလား ကွာတားဖိုင်နယ် နောက်ဆုံးပွဲစဉ်အဖြစ် မတ် ၁၇ ရက်နေ့က မီဝေါအသင်းနှင့် ဘရိုက်တန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဘရိုက်တန်အသင်း ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။

အဆိုပါပွဲစဉ် ပြီးဆုံးပြီးနောက် ဆီမီးဖိုင်နယ်ပွဲစဉ်များကို မဲခွဲဆုံးဖြတ်ရာတွင် မန်စီးတီးအသင်းနှင့် ဘရိုက်တန်အသင်းတို့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဝတ်ဖို့ဒ်အသင်းကတော့ ဝုဖ်အသင်းနှင့် အသီးသီး ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

မီဝေါနှင့် ဘရိုက်တန်အသင်းတို့ ပွဲစဉ်တွင် အပြန်အလှန်သွင်းဂိုးတွေကို ဒုတိယပိုင်းမှသာ တွေ့မြင့်ခဲ့ရသည်။ မိနစ် ၇၀ နှင့် ၇၉ မိနစ်တို့တွင် မီဝေါအသင်း နှစ်ဂိုးပြတ်သွင်းယူထားနိုင်ခဲ့သဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ရန် အလားအလာ ကောင်းနေခဲ့သည်။ သို့သော်လည်း ဘရိုက်တန်အသင်းသည် ၈၈ မိနစ်တွင် ချေပဂိုးသွင်းယူထားနိုင်ခဲ့သလို ပွဲချိန် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုတွင် အဖိုးတန် ချေပဂိုးကို သွင်းယူထားနိုင်ခဲ့တာကြောင့် တစ်ဖက်နှစ်ဂိုးစီ သရေကျနေခဲ့သည်။

ထို့ကြောင့် အချိန်ပိုဆက်လက်ကစားခဲ့ရာတွင် နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ သရေကျနေခဲ့သဖြင့် ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရာတွင် ဘရိုက်တန်အသင်းက ခြောက်ဂိုး-ခုနစ်ဂိုးဆိုတဲ့ ရလဒ်ဖြင့် ဆီမီးဖိုင်နယ်သို့ တက်လှမ်းလာခဲ့ခြင်း ဖြစ်သည်။ 

မန်စီးတီးအသင်းသည် ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဆွမ်ဆီးအသင်းကို နှစ်ဂိုးပြတ် ရှုံးနိမ့်နေရာမှ နောက်ကနေလိုက်ကစားပြီး သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး ခက်ခက်ခဲခဲဖြင့် ဆီမီးဖိုင်နယ်ကို တက်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဧပြီ ၆ ရက်တွင် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ မေ ၁၉ ရက်နေ့တွင် ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်သည်။

MDN