ကျိုင်းတုံ ၁၈  မတ် 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ အခါတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုသင်တန်းဆင်းပွဲအား ယမန်နေ့ မွန်းလွဲပိုင်းက ကတ်ထိုက်အုပ်စု တုံကွမ်ကျေးရွာတွင် ကျင်းပခဲ့သည်။

 

11

 

ရှေးဦးစွာအခမ်းအနားတွင် အခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာဗေလက အဖွင်အမှာစကားပြောကြားပြီး အခါ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု(ဗဟို)ဥက္ကဌ ဦးသောင်းကျော်မှ အခါတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု သင်တန်းဖွင့်လှစ်ခဲ့ခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။

 

12

 

ထို့နောက် အခါတိုင်းရင်းသားရေးရာဝန်ကြီးမှ သင်တန်းဖြစ်မြောက်ရေးအတွက်ပံပိုးကူညီသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး အခါအမျိုးသားစာပေနှင့်ယဉ်ကျေးမှုနာယက ဦးမင်းညှိမှ သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။

ဆက်လက်၍ အခါ အမျိုးသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကတ်ထိုက်အုပ်စု တုံကွမ်မူလတန်းလွန်ကျောင်းအတွက် စားပွဲနှင့်ထိုင်ခုံများပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။ အဆိုပါ သင်တန်းသို့သင်တန်းသား သင်တန်းသူ စုစုပေါင်း(၁၂၅)ဦးတက်ရောက်ခဲ့ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

MDN